ชะตาเรื่องบ้าน เขียนหนังสือย่อย
#မိမိ၏ အိုးကံ အိမ်ကံ ကောင်းမကောင်း တွက်နည်း
@@@@@@@@@@@@@@@@@@@@@
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ( ၇ ) ဖြင့်စား။အကြွင်း (၇) မျိုး ထွက်လာမည်။
(၁) ကြွင်းသော ခုနှစ်ရက် သား၊သမီး များသည် အိမ်ကြီး အိမ်ကောင်းများနှင့် အကျိုးပေး အားနည်းတတ်သည်။မကြာခဏပြောင်းရွှေ့နေရတတ်သော သူများဖြစ်သည်။ တစ်နေရာထဲတွင် အခြေမချ ရတတ်ပါ။ အိမ်တွင် စွဲမြဲစွာနေလျှင် ကျန်းမာရေး ညံ့လာတတ်သည်။
(၂) ကြွင်းသော ခုနှစ်ရက်သား၊ သမီးများသည် တော်ရုံ တန်ရုံ သူဋ္ဌေးပင် မနေနိုင်သော အိမ်ကြီး အိမ်ကောင်းဖြင့်နေထိုင်ရတတ်သည်။ခမ်းနား ထည်ဝါသော အိမ်ကြီးများ တွင် နေရတတ်သည်။ယခု အခြေအနေတွင် ဆင်းရဲနေလျှင်ပင် အိမ်ကို သပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့် စီးပွားတက်လာနိုင်ပေသည်။
(၃) ကြွင်းသော ခုနှစ်ရက် သား၊ သမီး များသည် အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။အိမ်ကို မကြာခဏ အရောင် ၊ ဒီဇိုင်း၊ အနေအထား စသည်ဖြင့်ပြောင်းလဲပေးထားလေလေ ကံကောင်း စီးပွားတက်လေလေ ဖြစ်မည်။ အိမ်ကို အကြောင်းပြုကာ စီးပွားတက်တတ်သောကြောင့် အလုပ်နှင့် အိမ်ကို တွဲထားသင့်သည်။
(၄) ကြွင်းသော ခုနှစ်ရက် သား၊ သမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရတတ်သည်။မထင်မှတ်ပဲ အမွေရခြင်း၊ ထီပေါက်ခြင်း တို့ကြောင့် စီးပွားတက်ပြီး လည်းကောင်း ဆုရခြင်း၊ မဲပေါက်ခြင်း၊ လက်ဆောင်ရခြင်း ၊ ကြီးကဲ သူတို့က ချီးမြှင့်ခြင်း တို့ကြောင့် လည်းကောင်း၊ အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်လေသည်။
(၅) ကြွင်းသော ခုနှစ်ရက် သား၊သမီး များသည် အိမ်ကြီး၊ အိမ်ကောင်းများနှင့် အကျိုးပေးအားနည်းတတ်သည်။မကြာခဏပြောင်းရွှေ့နေထိုင်ရခြင်း၊ အိမ်မှာနေလျှင် အလုပ်များ အဆင်မပြေခြင်း၊ ပူပင်သောကများရခြင်းများ ကြုံရတတ်သည်။ အိမ်နှင့် အလုပ်ကို တွဲ မထားသင့်သူများ ဖြစ်ပေတော့သည်။
(၆) ကြွင်းသော ခုနှစ်ရက် သား၊ သမီးများသည် အိမ်ကြီး အိမ်ကောင်းများနှင့်နေထိုင် ရတတ်သောသူများ ဖြစ်ပေတော့သည်။ထူးခြားဆန်းပြားသော ပုံစံဒီဇိုင်းများနှင့် အိမ်များ တွင်နေထိုင်ရတတ်သည်။အိမ်ကြီး အိမ်ကောင်းနှင့်နေပြီး စီးပွားတက်သည်။ တစ်စုံတစ်ရာ ထူးခြားနေသော အိမ်များတွင် နေရတတ်သည်။
( ၀ ) ကြွင်းသော ခုနှစ်ရက် သား၊သမီး များသည် အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရန် ကံနည်း တတ်သည်။အိမ်ကြီး အိမ်ကောင်း ပိုင်ဆိုင်လျှင်ပင် ထိုအိမ်တွင် အမြဲမနေရတတ်ပေ။ မိမိမှာ အိမ်ပိုင် ပါလျှက်နှင့် အခြားတစ်ပါးတွင် သွားပြီး နေထိုင်ရတတ်သည်။ဟိုမှာနေလိုက်၊ ဒီမှာနေလိုက် ဖြစ်နေရတတ်ပေသည်။
#ဆရာမဇာဇာ(ခ)ဇွန်လေးနွယ် ဆန်းပညာ
Comments
Post a Comment