sex doll မယ်တော်

 






แหล่งข่าว๑

Sex Doll အရုပ်ကို မယ်တော်အဖြစ် အစားထိုး၊ ရန်ကုန် ရွှေတိဂုံတွင် ရင်ငွေ့လှုံအသက်သွင်းခြင်းအဖြစ် ဂေါပကများက ခွင့်ပြု

https://www.youtube.com/TachileikNewsAgency/...

* * * * *

ရွှေတိဂုံဘုရား၏ တော်ဖက်မုဒ်တွင် Sex Doll အရုပ်ကို မယ်တော်အဖြစ် အစားထိုးပြီး ကိုးကွယ်မှုအဖြစ် ရင်ငွေ့လှုံအသက်သွင်းခြင်း အခမ်းအနား ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့တွင် ပြုလုပ်သည့် ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး ဝေဖန်မှုများ မြင့်တက်နေသည်ကို တွေ့ရသည်။

ယင်းသို့ လုပ်ဆောင်မှုကို ရွှေတိဂုံရှိ တာဝန်ရှိသူများဖြစ်သည့် ဘုရားဂေါပကနှင့် လုံခြုံရေးများက ခွင့်ပြုပေးထားသည်ဟု သိရသည်။

#TachileikNewsAgency
คำศัพท์ ရင်ငွေ့လှုံပွဲပြုလုပ်သူ ရင်ငွေ့လှုံပွဲ ရင်ငွေ့လှုံရန်
.....
แหล่งข่าวที่๒

ရွေတိဂုံဘုရား၌ Sex Doll အရုပ် ၂ ရုပ်အား ရင်ငွေ့လှုံပွဲပြုလုပ်သူ ကိုရှိုင်းဇာနည်အောင် အပါအဝင် လူ ၄ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီထုတ်ပြန်
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
ရွှေတိဂုံဘုရား၌ Sex Doll အရုပ် ၂ ရုပ်ကို မယ်တော်များအဖြစ် ကိုးကွယ်ရန်အတွက် ရင်ငွေ့လှုံပွဲပြုလုပ်ခဲ့သူ ကိုရှိုင်းဇာနည်အောင်အပါအဝင် လူ ၄ ဦးကို စစ်ကောင်စီလက်အောက်ရှိ သာသနာရေးဝန်ကြီးဌာနက သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
ပြည်ပနိုင်ငံများ၌ လိင်မှုဆိုင်ရာဖျော်ဖြေရေးတွင် အသုံးပြုသည့် Sex Doll အရုပ် ၂ ရုပ်ကို ကိုရှိုင်းဇာနည်အောင် အပါအဝင် လူတစ်စုက အရိယာသောတာပန် သူရဿတီမယ်တော်ကြီးနှင့် သီရိဒေဝီ မယ်တော်ကြီးဟူ၍ အမည်ပေးကာ အဝတ်အစားဆင်ပေးခြင်း၊ ပန်းနှင့် အုန်းပွဲငှက်ပျောပွဲများဖြင့် ပူဇော်ခြင်းများပြုလုပ်သည်ကို လူမှုကွန်ရက်မှတဆင့် တွေ့ရှိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ကိုရှိုင်းဇာနည်အောင်အပါအဝင် လူ ၈ ဦးက အဆိုပါ Sex Doll အရုပ် ၂ ရုပ်ကို မယ်တော်အဖြစ်ကိုးကွယ်ရေး ရင်ငွေ့လှုံရန်အတွက် ရွှေတိဂုံဘုရားသို့ သယ်ဆောင်လာခဲ့ကြောင်း ဝန်ထမ်းများက ဘုရားရင်ပြင်တော်ပေါ်သို့ သယ်ခွင့်မပေးသဖြင့် ဘုရားတောင်ဘက်မုဒ်ကားဝန်းအတွင်းရှိ ကျောက်စာတိုင်အနီးတွင် Sex Doll အရုပ် ၂ ရုပ်ကို မယ်တော်အဖြစ် သိဒ္ဓိတင်မှု ပြုုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သိဒ္ဓိတင်ပွဲကိုလည်း ကိုရှိုင်းဇာနည်အောင်၏ လောကဝိဇ္ဇာထိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီး Facebook Page မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် Facebook လူမှုကွန်ရက်တွင် အဆိုပါကိစ္စ ပျံ့နှံ့သွားပြီးနောက် စစ်ကောင်စီလက်အောက်ရှိ သာသနာရေးဝန်ကြီးဌာနက အမှုဖွင့်အရေးယူမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသူများမှာ ဦးဆောင်သူ ကိုရှိုင်းဇာနည်အောင် (၂၆ နှစ်)၊ ကိုအာကာမျိုး (၂၆ နှစ်)၊ ယာဉ်မောင်း ကိုကြည်ဇင် (၄၄ နှစ်)၊ ရုပ်သံရိုက်ကူးသူ ကိုအောင်ထွန်းဦး (၄၂ နှစ်) တို့ ဖြစ်သည်။
ဦးဆောင်သူ ကိုရှိုင်းဇာနည်အောင်နှင့် ကိုအာကာမျိုးတို့ကို စစ်ကောင်စီက ဗေဒင်ဆရာများဟု ဖော်ပြထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
၎င်းတို့ ၄ ဦးအပြင် ရွှေတိဂုံဘုရားဂေါပကအဖွဲ့ထံ တင်ပြခြင်းမရှိဘဲ Sex Doll အရုပ် ၂ ရုပ်ကို ဘုရား၌ ရင်ငွေ့လှုံပွဲပြုလုပ်ရန် ခွင့်ပြုခဲ့သူဝန်ထမ်းအား စုံစမ်းစစ်ဆေးကာ ပြင်းထန်စွာအရေးယူသွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


วิดีโอข่าวต้นฉบับที่ Youtube https://www.youtube.com/watch?v=3bbWcVxbjww

โดนจับเรียบร้อย
စီလီကွန်ဘိုးတော်နဲ့ အပေါင်းအပါတွေ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံရ

မဲခေါင်၊ အောက်တိုဘာ၂၄

ရန်ကုန်မြို့မှာရှိတဲ့ ကမ္ဘာကျော် ရွှေတိဂုံ စေတီတော် တောင်ဘက်မုဒ် ကားရပ်နားကွင်းမှာ အမျိုးသမီး စီလီကွန် အရုပ်နှစ်ရုပ်ကို အသက်သွင်း သိဒ္ဓိတင်ရာတွင် ဦးဆောင်တဲ့ ဘိုးတော်ဆိုသူနဲ့ ပါဝင်သူများကို သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၇ နာရီမှာ ဘိုးတော် ရှိုင်းဇာနည်အောင် ဆိုသူ ဦးဆောင်ပြီး ရွှေတိဂုံဘုရား တောင်ဘက်မုဒ် ကားပါကင်မှာ အမျိုးသမီး အရုပ်နှစ်ရုပ်ကို အသက်သွင်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

"သူက အရုပ်တွေနဲ့ ဘုရားပေါ်တက်ဖို့ လုပ်သေးတယ်။ ခွင့်မပြုတော့ သူရဿတီ မယ်တော်အရုပ် သယ်ပြီး ဘုရားကို လက်ယာရစ် ပတ်တယ်။ ပြီးမှ တောင်ဘက်မုဒ်မှာ အသက်သွင်းတာတွေ လုပ်တာ" လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

အဲဒီ ဖြစ်စဉ်ကြောင့် ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့ပြီးနောက် ဦးဆောင်သူ ရှိုင်းဇာနည်အောင်နဲ့ ပါဝင်သူများကို စစ်ကောင်စီရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဌာနက သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖြစ်စဉ်ကို ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ကို မတင်ပြဘဲ မိမိသဘောနဲ့ ခွင့်ပြုပေးခဲ့တဲ့ ဝန်ထမ်းများကိုလည်း ဝန်ထမ်းစည်းကမ်းနဲ့ အညီ ခုံရုံးဖွဲ့ စစ်ဆေး အရေး ယူမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย