สรุป นะวินซีปิญญาได้ดีมาก เขียนหนังสือยะตะยาอิงคะวิชชาธาตุ

 နဝင်းစီးပညာရပ်တွင် ကာ၊ ကု၊ ပွင့်ဆိုပြီး ရှိတယ်။

(၁) အကာပိုင်း
အကာပိုင်းတွင် သူတပါး အတိုက်အခိုက်၊ အနှောင့် အယှက်၊ အပြိုင် အဆိုင်တွေကို ခုခံကာကွယ်ရသော အခါမှာ သုံးပါတယ်။
(၂) အကုပိုင်း
ကျန်းမာရေးကို အဓိကထားပြီး ကုရတယ်၊ ကာကွယ်ရတယ်၊ ကိုယ်စား၊ ကိုယ်ပွား ယတြာများဖြင့်လည်း စီမံပေးရပါတယ်။
(၃) အပွင့်ပိုင်း
စီးပွားရေး၊ ပညာရေး၊ ပြည်ပခရီးသွားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ ရာထူးတိုး စသည်ဖြင့် ကံပွင့်အောင်လုပ်ဆောင် ပေးပါတယ်။
သစ်စိမ့်တွဲ၊ ပန်းယတွဲ၊ အမြစ်အညွန့် မတွန့် တွဲဆိုပြီး (၃)မျိုး ရှိပါတယ်၊ မဟာဘုတ်ဇာတာဖြင့် နှိုင်းယှဥ် ကြည့်၍ အကောင်းဆုံးဖြစ်သော အညွန့်အခက်များဖြင့် ယတြာ ပြုလုပ်ပေးရပါသည်။ နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ဆိုသလို ဖြစ်ပါတယ်။
ပန်းယတွဲသည် မဟာဘုတ်ဇာတာတွင် ပုတိဖွား၊ သိုက်ဖွားတို့ကို နဝင်းစီးယတြာ​ချေတဲ့ အပိုင်းဖြစ်ပြီး၊ သစ်စိမ့်တွဲသည် မဟာဘုတ်ဇာတာတွင် အထွန်းဖွား၊ ဘင်္ဂဖွား၊ အဓိပတိဖွားတို့ကို နဝင်းစီး ယတြာချေတဲ့ အပိုင်းဖြစ်ပါတယ်၊ အမြစ်အညွန့်မတွန့်တွဲသည် မဟာဘုတ်ဇာတာတွင် မရဏဖွားနဲ့ ရာဇဖွားတို့ကို ယတြာချေတဲ့နေရာမှာ သုံးပါတယ်။
ယတြာ ပြုရာတွင် ဒွေးနဝင်း၊ တြွင်းနဝင်း စသဖြင့်လည်း လိုသလို လုပ်ဆောင်ပေးနိုင်တယ်။
မိတ်ဆွေများ ခေတ်ဆိုး၊ စနစ်ဆိုး၊ အနာရောဂါအဆိုးများနှင့် ကင်းဝေးပြီး ကောင်းကျိုး အလိုဆန္ဒများ ပြည့်စုံကြပါစေ။
သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာအပေါင်း၏ ဉာဏ်ပညာကို ရိုသေလေးမြတ်စွာ ပူဇော်ပါသည်။
မေတ္တာဖြင့်

Comments

Popular posts from this blog

ဒေါက်ခွ ผักโขม Spinach

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

sex doll မယ်တော်