ထိန်ပင်
ရုက္ခအမည်..Mitragyna parvifolia (Roxb.) Korth.
မျိုးရင်း..#Rubiaceae
Collected by Kothet Naing Oo
Collected date. May 2022
Location အောက်တောင်ကိုင်းရွာ မတ္တရာ
အောက်တောင်ကိုင်းရွာ ရောက်တော့ ပေါက်ရောက်သည့်အပင်တွေ လေ့လာကြည့်တော့ ထိန်ပင် ၊ကျီးပင် ၊ စက်ကတုံး ၊ သရက် ၊ လဲမှို့ ၊ နှောပင် ၊ ရေချင်းယား အပင်တွေက အများဆုံး ၊ များလည်းများရမှာဘဲ၊ ဧရာဝတီ မြစ်ရေတက်ရင် မျက်စေ့တဆုံး ရေပြင်ကြီးဖြစ်သွားတာ၊ ရေပြင်ကြီးအောက်မှာ ရက်ပေါင်းများစွာ နေရမည့် အပင်တပင်ရဲ့ အမြစ်ဆိုတာ တော်ယုံ ကြံ့ခိုင်မှုနဲ့ မရလောက်ဘူး၊ အဖေမွေးရာဇာတိ ဆည်တော်ရွာမှာ လည်းထိန်တွေရှိတယ်၊ ရေတက်ချိန်ဆို လှေစီးပြီးတရွာလုံးပတ်တယ်။ ရွာလယ်က မာကလာ အူနီပင်ပေါ်က အသီးတွေကို လှေပေါ်က ခူးစားခဲ့ရတာမမေ့ဘူး၊ အမေကတော့ပြောတယ် ထိန်ပင်နား ကပ်မလှော်နဲ့ မြွေကျလာမယ်တဲ့ ၊ မြွေခမျာ အပင်ပေါ်စုနေရတော့ မကြာမကြာတွေ့ရတယ် ၊ အခုလည်း ရွာအဝင်စမှာ သက်တန်းရင့်နေသော ထိန်ပင်ကြီးကိုတွေ့ရတယ်၊ ဘယ်လောက်သက်တန်းရှိသည်မသိ ပင်စည်ကြီးကတော့ အိုမင်း ရွတ်တွပြီး နေလေရဲ့...
ထိန်ပင်အကြောင်း






Comments
Post a Comment