မယ်တော်ကြီး ဂမုန်း" အကြောင်း သိကောင်းစရာ

 မယ်တော်ကြီး ဂမုန်းပင်ကို ပြည်လုံးချမ်းသာဂမုန်း၊ ရာဇာကြီးဂမုန်း လို့လဲ ခေါ်ကြပါတယ်။ ရှေးကျမ်းအလိုအရ မဟာရှင်ကြီး၊ ဂမုန်းမဟာရာဇ်လို့လဲ ကျမ်းမှာတင်ထားတာ တွေ့ရပါတယ်။ အရွက်ဖားဖား၊ စိမ်းစိမ်းစိုစို မို့ ကျက်သရေရှိလှတာကြောင့် တချို့ကလဲ ဧည့်ခန်းအတွင်းမှာ အလှစိုက်အပင်အဖြစ်လဲ စိုက်ပျိုးထားတာ တွေ့ရပါတယ်။ မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ ဂမုန်းပင်တွေမှာ အများစုက အစောင့်ရှိတတ်ကြတာမို့ စိုက်ထားတဲ့ ဂမုန်းပင်တွေရဲ့ အစောင့်အရှောက်တွေဟာ တစ်ပင်နဲ့ တစ်ပင် မတည့်တာတွေ ရှိတတ်ကြပါတယ်။ ဒီလို မတည့်တဲ့ ဂမုန်းပင်တွေကို အတူစိုက်မိရင် စိုက်တဲ့အိမ်ကိုပါ ခိုက်တတ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဂမုန်းပင်တွေကို စိုက်တော့မယ်ဆိုရင် ရမ်းသမ်းမစိုက်ဖို့ တည့်တဲ့ဂမုန်းပင်တွေ ဟုတ်ရဲ့လားဆိုတာပါ စီစစ်သင့်ကြောင်း သိရပါတယ်။ တကယ်လို့ တစ်ပင်နဲ့ တစ်ပင် တည့်တာ၊ မတည့်တာ မသိနိုင်ဘူးဆိုရင် အိမ်မှာ မယ်တော်ကြီး ဂမုန်းပင်ကိုပါ စိုက်ထားလိုက်ပါလို့ ပြောပါတယ်။ မယ်တော်ကြီး ဂမုန်းပင်ကို စိုက်ထားလိုက်ရင် မတည့်တဲ့ဂမုန်းပင်တွေရော၊ ရောစိုက်ခဲ့ရင်တောင်မှ ဘာမှ ထိခိုက်မှု မရှိနိုင်တာ သိရပါတယ်။

မယ်တော်ကြီး ဂမုန်းပင် စိုစိုပြေပြေ၊ လှလှပပ ဖြစ်လာလေလေ စီးပွားတက်လာလေ ဖြစ်ပါတယ်။ ကံလဲ လိုက်လာပါတယ်။ လုပ်သမျှ၊ ကြံသမျှ အပေါက်အလမ်း တည့်နေပါမယ်။ နာမည် ဂုဏ်သတင်း ထင်ပေါ်ကျော်ဇောခြင်း၊ ရာထူး အဆင့်အတန်းတိုးခြင်း၊ အထက်လူကြီးရဲ့ ချီးမြှောက်မှု ခံရခြင်း၊ မျက်နှာသာပေးခြင်းများ ရလာတတ်ပါတယ်။ အပင်က အစိုမပြေ ခြောက်ကပ်လာရင်တော့ မလိုမုန်းထားအညှိုးပွားသူတွေရဲ့ မကောင်းကြံစည်မှု ရှိနေပြီဆိုတာကို မှတ်ယူရပါမယ်။ ဂမုန်းပင်တွေ စိုက်ပျိုးသူတွေအတွက် မယ်တော်ကြီး ဂမုန်းပင်ဟာ မဖြစ်မနေ စိုက်ပျိုးသင့်တဲ့ အပင်ဖြစ်တယ်ဆိုတာ သိထားစေချင်ပါတယ်။
BIZ channel မှ ပြန်လည်မျှဝေပါသည်။
မယ်တော်ကြီးဂမုန်းပင်ကို ဂမုန်းပင်ချစ်သူများ ဝါသနာအရ ကြိုက်နှစ်သက်လို့ စု‌ေဆာင်းချင်တယ် ဆိုရင်ပဲဖြစ်ဖြစ်၊ အိမ်တွင်း အိမ်ပြင်မှာ ကျက်သရေဆောင်အဖြစ် စိုက်ပျိုးချင်တယ်ဆိုပဲ ဖြစ်ဖြစ် မင်မင်တို့ရဲ့ "သုခရိပ်မြုံ" ပျိုးဥယျာဉ်ခြံမှာ ဝယ်ယူအားပေးလို့ရနေပါပြီနော် ...အရေအတွက် အကန့်အသတ်ရှိတာဖြစ်လို့ အမြန်လေး မှာထားဖို့တော့ လိုပါမယ်ရှင်..🪴
ဈေးနှုန်းလေးကတော့ -
အိတ်ဖြူ‌အထုပ်သေး ငါးထောင်ကျပ်
အိတ်ဖြူ အထုပ်ကြီး တစ်သောင်းကျပ်ပါရှင့် 🙆🏻‍♀️
kpay နဲ့လဲ % မယူဘဲ လက်ခံပါတယ်နော် 😊
ဆက်သွယ်ရန်လိပ်စာလေးကတော့ -
စီးပွားရေးဘဏ် နှင့် ဇေယျဝတီစာသင်တိုက်လမ်းကြား၊ ရွှေကံ့ကော်လမ်း၊ ဇေယျဝတီရပ်ကွက်၊ ညောင်ဦးမြို့။
ဖုန်း- 09444004500📲
ချစ်မိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာ၍ ဘေးရန်ကင်းရှင်းကြပါစေ၊ စီးပွားဥစ္စာများလဲ ဒီရေအလားတိုးတက်ကြပါစေရှင် 🙏



Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

sex doll မယ်တော်