ีကညင် ยางนา
ကညင်
ကညင် (Dipterocarpus alatus Roxb. ex G. Don)
Common Name:: Hairy-Leafed Apitong, Gurjin,Yang
Synonyms :: Dipterocarpus alatus Roxb.
syn.Dipterocarpus philipinensis.
Family Name. :: Dipterocarpaceae
၄င်းမျိုးရင်း၌ပါဝင်သောအပင်များမှာ-
ကညင်နီ၊ ကညင်ဖြူ၊ ကညင်ပြန်၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင်ဝက်တောင်း ဟူ၍ အမျိုးမျိုး ကွဲပြားလျက်ရှိသောကြောင့် အပင်ကိုလည်းကောင်း၊ ခွဲစိတ်ပြီး ကညင်သားကိုလည်းကောင်း မြင်ရုံမျှဖြင့် မည်သည့် ကညင်ပင်မျိုး ဖြစ်သည်ကို တိကျစွာ ခွဲခြားသိနိုင်ရန် ခဲယဉ်းသည်။
အထက်မြန်မာပြည်၌ ကညင်နီပင်များကို အများအပြား တွေ့ရ၍ အောက်မြန်မာပြည်၌ ကညင်ဖြူပင်မျိုးကို အများအပြား တွေ့နိုင်သည်။
ခြုံ၍ပြောရလျှင် ကညင်ပင်တို့သည် အလွန် ကြီးမားသော အပင်မျိုးဖြစ်သည်။ အချို့သည် အမြင့်ပေ ၁၅ဝ ခန့်၊ ပင်စည်လုံးပတ် ၁၅ ပေခန့်အထိ ရှိတတ်သည်။ ထိုကဲ့သို့ မြင့်မားသော အပင်ကြီးများတွင် အရင်းပိုင်း ပေ ၇ဝ မှ ပေ ၁၀ဝ လောက်အထိမှာ အကိုင်းအခက်များ ကင်းစင်ကာ ဖြောင့်စင်းနေတတ်သည်။ အခေါက်အပွေးမှာ အလွန်ချောမွတ်၏။ ကညင်ပင်သည် အစုလိုက် မပေါက်ဘဲ ပြောက်ကျားပေါက်လေ့ ရှိ၍ မြန်မာနိုင်ငံ၌ အမြဲစိမ်းတောများတွင် တွေ့မြင်နိုင်သည်။
ကညင်ဖြူအရွက်များသည်ကညင်နီအရွက်များထက်အနည်းငယ်ပို၍ကြီးသည်။အရွက်များမှာရွက်ရိုးရွက်လွှဲဖြစ်ပြီးအရွက်များမှာသားရေကဲ့သို့မာကြောပျဉ်းတွဲသည်။အရွက်များမှာအကိုင်းဖျားထိပ်၌စု၍ပေါက်သည်။
အရွက်များမှာဝိုင်းပြီးအရွက်အရင်း၌နှလုံးပုံအဟိုက်ပါရှိ၍ရွက်ညှာများမှာရှည်သည်။အရွက်ရင့်များမှာချော၍စိမ်းပြီးအရောင်ပြောင်လက်နေပါသည်။အရွက်ကြောများမှာ၁၄စုံမှ၁၈စုံအထိပါရှိသည်။ကညင်နီရွက်နှင့်လည်းဆင်တူကြသည်။ရွက်ညှာများမှာတစ်လက်မကျော်ခန့်ရှည်သည်။အရွက်များမှာအကိုင်းဖြားထိပ်၌စု၍ထွက်သည်။
ပန်းများမှာပန်းရောင်သို့မဟုတ်အနီရောင်ဖြစ်ပြီးအစင်းကြောင်းများပါရှိသည်။အရွက်ဟောင်းများသည်ပူအိုက်သည့်ရာသီဥတု၌ကြွေကျလေ့ရှိပြီးပန်းများသည်ဖေဖော်ဝါရီလမှမတ်လအတွင်း ထွက်ပေါ်လာကြသည်။၄င်းနောက်အသီးများသီး၍မေလနှင့်ဇွန်လတွင်ရင့်မှည့်ကြပြီးကြွေကျကုန်သည်။အသီးများမှာအလုံးဖြစ်ပြီးအတောင်ရှည်နှစ်ခုပါရှိသည်။အတောင်များမှာ၅လက်မမှ၆လက်မအထိရှည်သည်။
ရင့်မှည့်ကြွေကျသည့်အသီးများကိုချက်ခြင်းကောက်ယူပြီးပျိုးထောင်ရသည်။အသီးများမှာအချိန်ကြာမြင့်သွားသည်နှင့်အမျှပေါက်ရောက်မှုရာခိုင်နှုန်းမှာလည်းချက်ခြင်းကျဆင်းသွားသည်။အသီးများမှာလည်းသိုလှောင်သိမ်းဆည်းထား၍မရပေ။စိုက်ပျိုးသည့်အပင်များမှာလည်းအကြီးနှေးသည်။
ကညင်ပင်များမှာမျိုးစိတ်အ လွန်များသဖြင့်တောတွင်း၌လက်တွေ့လုပ်ကိုင်နေသည့်သူများပင်
ရုက္ခဗေဒလက္ခဏာအရ ခွဲခွဲခြားခြားသိရှိရန်ခက်ခဲပါကြောင်း Secret Garden, Forest Museum 117 တွင်စိုက်ပျိုးထားသော ကညင်တောများနှင့်တကွ တင်ဆက်လိုက်ပါသည် ခင်ဗျာ။

Comments
Post a Comment