มะกอก ဂွေးပင်

 ဂွေးပင် (Spondias pinnata) သည် မြန်မာနိုင်ငံတွင် အမြင့်ပေ ၃ဝဝဝ အထိ အနှံ့အပြား တွေ့မြင်နိုင်သော အရွယ်အလတ်စားမျိုးသစ်ပင်ဖြစ်သည်။ ဂွေးပင်များကို အထက်နှင့်အောက် မြန်မာနိုင်ငံရှိ ဥယျာဉ်များတွင်လည်းကောင်း၊ လမ်းဘေးတစ်လျှောက်တွင်လည်းကောင်း တစ်ခါတစ်ရံ တွေ့မြင်နိုင်သော်လည်း ယင်းတို့သည် အထူးတလည် စိုက်ပျိုးကြရသော အပင်များဟု မဆိုနိုင်ချေ။ အစေ့ကိုစိုက်၍ အပင်သစ်ပွားအောင် ပြုလုပ်ယူနိုင်သည်။ အစေ့ကို ပျိုး၍ရသည့် တစ်နှစ်သားအရွယ်ရှိ အပင်ငယ်တွင် အကိုင်းဆက်ခြင်းဖြင့်လည်း အပင်သစ်ပွားအောင် လုပ်ယူနိုင်ပေသေးသည်။

ပင်၏အခေါက်သည် ချောမွတ်၍ ယင်း၌ မွှေးကြိုင်သောရနံ့ရှိသည်။ အပင်၏ အမြင့်သည် ပေ ၇ဝ အထိရှိနိုင်၍ ပင်စည်လုံးပတ်မှာ ခုနစ်ပေမျှအထိရှိသည်။ ဝှေးပင်၏ အသားသည် ပျော့၍ဖြူသည်။ ဝှေးသားသည် ပျက်စီးယိုယွင်းလွယ်သဖြင့် ထိုသစ်သားကို အသုံးချနည်းသည်။ သို့သော် စက္ကူလုပ်ရန်ကား ကောင်းမွန်လေသည်။ မီးခြစ်လုပ်ငန်းအတွက်လည်း ကောင်းမွန်သောသစ်သားဖြစ်သည်။

ဂွေးပင်မှ သစ်စေးတစ်မျိုးကို ရရှိနိုင်သည်။‌‌

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

sex doll မယ်တော်