พลับพลึง ကိုယ်ရုံကြီး
Poison Bulb คือ พลับพลึง (Crinum asiaticum) หรือชื่อเรียกอื่น ๆ เช่น พลับพลึงทอง, ลิลัว, Cape Lily, Giant Lily, Spider Lily เป็นไม้ล้มลุกมีหัวใต้ดิน ใบเรียวยาวคล้ายดาบ ดอกสีขาวมีกลิ่นหอม และเป็นที่มาของชื่อ "Poison Bulb" เพราะในใบและหัวมีสารพิษ (Lycorine) หากรับประทานจะทำให้คลื่นไส้ อาเจียน ท้องร่วง.
ပုံသဏ္ဌာန် : အပင် အရွက်များ မြေမှ ကပ်ထွက်သည်။ ပင်စည်မဲ့သည်။ ဥတက် အလွန်ကြီး၍ အဖြူရောင်ရှိသည်။ အရသာ ခါးစပ်စပ်ရှိသည်။ အရွက် ရွက်ပြား ချောသည်။ ၁၁/၂ ပေ မှ ၄ ပေထိရှည်သည်။ မြေမှစု၍ထွက်သည်။ ရွက်နားညီ၍ ရွက်ထိပ်ချွန်သည်။ လှိုင်းတွန့်အနည်းငယ်ရှိသည်။ အသားထူသည်။ စိမ်းစိုသော အရောင်ပေါ်တွင် အဝါရောင် အစင်းငယ်များ ရောထွေးနေသည်။ အရွက် ထောင်မတ်သည်။ အပွင့် အဖြူရောင် ရှိသည်။ အနံ့မွှေးသည်။ မိုးရာသီတွင် ပွင့်၏။ အသီး အနည်းငယ် လုံးဝိုင်းသည်။ အစေ့တစ်စေ့သာ ပါဝင်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ ဥ ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်သည်။ ပေါက်ရောက်ပုံ ။ ။ အရိုင်းပင်နှင့် အသင့်အတင့် စိုက်ပျိုးပင်အဖြစ် နှစ်မျိုးလုံး တွေ့ရသည်။ အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများ အလိုအရ အပင်သည် ပူ စပ် ခါးသည်။ အဆိပ်ပြေစေသည်။ လေ ၊ သလိပ် ၊ ဆီး တို့ကို ကောင်းစေသည်။ အသုံးပြုပုံ-

Comments
Post a Comment