เจตมูลเพลิงแดง ကန့်ချုပ်နီ

 

ပုံသဏ္ဌာန် : အပင် နှစ်ကြာခံ ပင်ပျော့ ၊ နွယ်ယောင် ပင်ယောင် မျိုး ဖြစ်သည်။ အထက်ဘက်သို့ ကိုင်းဖြာသည်။ အဆစ်များရှိသည်။ ၂ ပေ မှ ၃ ပေထိ မြင့်သည်။ အရွက် ရွက်လွှဲထွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသို့ သွယ်သွား၏။ ရွက်ညှာသည် ပင်စည်ကို ကုပ်ထား၏။ ရွက်ညှာရင်းနှင့် အရွက်အပေါ် မျက်နှာပြင်ရှိ အကြောများ အနီရောင် ရှိသည်။ ရွက်ပြားချောသည်။ ရွက်နားလှိုင်းတွန့် ရှိသည်။ အပွင့် အပွင့်သည် ၁/၄ လက်မခန့် အရွယ်ထိရှည်၍ အနီရင့်ရောင် ရှိသည်။ ထိပ်ဖျားထွက် သို့မဟုတ် ကြားထွက် ရှည်လျားသော ပွင့်ညှာမဲ့ တစ်ပင်တိုင် ပန်းခိုင်ဖြစ်ပြီး အဆုပ်လိုက်ပွင့်သည်။ ပွင့်ချပ် တွင် အမွေးနုများရှိသည်။ တန်ခူးလမှ တော်သလင်းလအထိ ပွင့်ကြသည်။ အမြစ် အမြစ်သေးသွယ်၍ ရှည်လျားသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး ၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အပူပိုင်းဒေသနှင့် အလွန်အေးသော ဒေသများမှ အပ သစ်တော ကြီး များအောက် စိမ်းစိုသောဒေသများ၌ ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာဝပေါက်ပင် ဖြစ်သည်။ အချို့မှာ ဆေးဝါးအဖြစ် သုံးရန်အတွက် ခြံစည်းရိုးများတွင် စိုက်ပျိုးထားလေ့ ရှိသည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ ကန့်ချုပ်နီသည် ပူစပ်သော အရသာရှိ၍ အစာကို ကြေညက်စေသည်။ ကန့်ချုပ်နီအမြစ်သည် အားကောင်းသော သလိပ်ရွှင်ဆေး ဖြစ်ပြီး လူကို ဝဖြိုးစေ၍ နှုတ်ကို မြိန်စေသည်။ အသုံးပြုပုံ- ပဉ္စငါးပါး ၁ ။ ကန့်ချုပ်နီပင်သည် အရွယ်တင်စေ၍ အသက်ကို ရှည်စေသည်။ အပင်ကို အရည်ရအောင် ကြိတ်ပြီး မျက်စိနာအတွက်သုံးသည်။ ဝဲနာများနှင့် ခရုသင်းနာများကို သုတ်လိမ်းက ပျောက်ကင်းသည်။ အမြစ် ၁ ။ လူပျိုနာ ၊ ကုဋ္ဌနူနာ ရောဂါနှင့် မီးယပ်ရောဂါများအတွက် သုံးသည်။ ၂ ။ ၎င်းကိုကြိတ်၍ နူးညံ့သောဆီနှင့် ရောနယ်ပြီး လိမ်းက အဆစ်အမျက် ကိုက်ခြင်းနှင့် လေငန်းရောဂါ ပျောက်၏။ ၃ ။ အစာမကြေရောဂါ ၊ ဒူလာ မြင်းသရိုက်ရောဂါ ၊ အစိမ်း ဖောရောဂါ ၊ အရေပြား ရောဂါများ ကုသရာ တွင်လည်း ထည့်သွင်း အသုံးပြုသည်။ []

โลกียะวิชชา
“မျက်စောင်းထိုးကကာကွယ်””
“လူသေသျှာ ၊ကန့်ကြုပ်နီပွင့်၊ အဲဒီနှစ်မျိုးကို အုန်းရည်နဲ့ ကြိတ် တစူးဝါးကျည်ထောက်နဲ့ မသာပတ်စာ ဖိ၍ထား။ နောင်အလိုရှိသောအခါ ဆေးတောင့်ကို တံဝက်လက်ပြန် ရည်နဲ့သွေးပြီး“သူသည် အပါယ်မှာရှိသည်ဖြစ်၍၊ ရှင်သေ မင်းသည် အဆိပ်အတောက်အနာကိုပြုရမည်”ဆို၍ မျက် ပိကိုကွင်း- မျက်စောင်း ထိုးကြည့်ရမတဲ့ဆရာကြီး…”

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย

sex doll မယ်တော်