လောကီဆရာများ၏ လျှို့ဝှက်အခေါ်အဝေါ်များ

 


လောကီဆရာများ၏ လျှို့ဝှက်အခေါ်အဝေါ်များ ********

၁။ အိုးထိန်းလက်စက်မြေ = အိုးလုပ်သောအခါရွှံ့စက်များ ကျလာရာမှ စုပုံဖြစ်လာသောရွှံ့မြေ
၂။ နတ်အိုးကွဲ = နတ်စင်တွင်တင်သော နတ်ပန်းအိုး၏ အိုးကွဲ
၃။ ရေလုံအိုးကွဲ = မသာချရာတွင် ပစ်ခွဲသောအိုးကွဲ
၄။ စနေမီးသွေး = စနေသား စနေနေ့သေ စနေနေ့ မီးသဂြို ဟ်မှရသော မီးသွေး
၅။ ငနက်ကြီး = စနေမီးသွေး
၆။ ငနက်ငယ် = သိမ်ဝင်သပိတ်ကွဲ
၇။ ငဖြူ ကြီး = ဘုရားအင်္ဂတေ
၈။ ငဖြူ ငယ် = သိမ်ဝင်ဆန်
၉။ နတ်ရေစင် = နတ်တင်သော အုန်းသီးမှ အုန်းရည်
၁၀။ အာကာသရေ = မည်သည့် အုန်းရေမဆိုရ၏
၁၁။ ဘီလူးမတံတွေး = နံနက်စောစောနေမထွက်ခင် သုသာန်မှ မြက်ပင် များအဖျားတွင် ရေမြုပ်ဖွဲ့နေသောရေစက်များ
၁၂။ သိကြားမင်းကွမ်းထွေး = သင်္ကြန်ပိုးကောင်ဖြစ်သည် အနီရောင်ရှိ ။ ထိလိုက်သည်နှင့်လိမ်ကောက်အဝိုင်းဖြစ်
၁၃။ ရေတစို့ ( ရေမျောတုတ် ) = ရေထဲတွင်မျောပါလာ သောသစ်သား အဝတ်အစားမဝတ်ပဲဆင်းယူ
၁၄။ မဆစ်ဆီ = ဈေးမဆစ်ပဲဝယ်သောဆီ
၁၅။ သိကြားရေစင် = ဆူးရစ်နွယ်အပင်
၁၆။ စမြင်းတိုင် = အလောင်းတင်စင်၏ ခြေလေးတိုင်
၁၇။ ယမျှားကြိုး = အလောင်းကိုမြေမြှု ပ်ရန် တွင်းထဲ ချသည့်အခါ အလောင်းချည်ထားသောကြိုး
၁၈။ ငရဲမင်းသန်လျက် = အလောင်းရင်ခွဲသည့်ဓား
၁၉။ ငရဲမင်းလှံ = တံစူးဝါး
၂၀။ ငရဲမင်းအိုး = လူသေအလောင်းကိုရင်ခွဲပြီး အူအသည်းထည့်ထားသောမြေအိုး
၂၁။ စည်သွပ်အိုး = အလောင်းအောက်က အပုတ်ရည်ခံသောအိုး
၂၂။ အမာလွှမ်း = မသာ၏ မျက်နှာကိုအုပ်ထားသောပုဝါ
၂၃။ ငှက်ချေးခံ ( အောက် ) = အလောင်းစင်အပေါ်က မိုးထားသောအမိုး
၂၄။ လင်းလပ်ပုဆိုး = စာခြောက်ရုပ်တွင်ဝတ်ထားသောပုဆိုး
၂၅။ တံခွန်မီးဖျား = ဘုရားမှတံခွန် ( သူ့အလိုလိုပျက်ကျတာသုံး )
၂၆။ သရက္ခံပင် = ထင်းရှူ အဖိုပင်
၂၈။ ဒေဝတာ = အဆီမထုတ်သေးသောထင်းရှူး
၂၉။ ရေရွှေ ( ဟုန်းနတ် ) = ခွေးလျားသီးအပင်
၃၀။ မင်းကိုးချည် = ရှင်ပြုသည့်အခါ ရှင်လောင်းများအား သင်္ကန်းမဝတ်ခင် စည်းဝိုင်းပြု လုပ်ထားသည့်ပရိတ်ကြိုး ( နတ်လိုင်းတွင်လည်းရှိ၏ )
၃၁။ ဂမုန်းကိုယ်တိုး = ကိုယ်ရံကြီးဂမုန်းကိုခေါ်သည်
၃၂။ ဂမုန်းရွှေနွယ် = သစ်ပင်တွေပေါ်မှာဆံပင်ထွေးကဲ့သို့ အမျှင်များအထွေးလိုက်ရှိနေသောအပင် ( အဝါ/အဖြူ )
၃၃။ ပေါက်ရုပ်ပင် = လင်းနေပင်
၃၄။ နတ်သစ်ရွက် = လက်ဖက်
၃၅။ ဖားတွဲအရိုး = ဖားနှစ်ကောင်မိတ်လိုက်စဉ် နှစ်ကောင်လုံးကို သတ်ကာအခြောက်ခံထားသော နှစ်ကောင်တွဲအရိုး
၃၆။ ကျေးမိတ်နှုတ်ဖျား = စကားတတ်ကြက်တူရွေးနှုတ်ဖျား
၃၇။ ခွန်ညှော်ကြက်မိတ် ( ကြက်ကောက်စာ ) = ကြက်ဖက ကြက်မကို မြူ သောအစာ ( ကြက်မ မစားခင်ယူ )
၃၈။ တီစုန်း = ညအခါအရောင်တောက်သောတီကောင်
၃၉။ သစ်စုန်း = ညအခါအရောင်ထွက်သောသစ်ပင်
၄၀။ ဝါးပျံ = ဆင်တရပ်လွတ်ရာအပင်အမြင့်အထက် တွင်ပေါက်နေသောဝါး
၄၁။ သစ်ဖောက် = သစ်ပင်တစ်ပင်၏အသားကို ဖောက်ထွက်နေသောအသား
၄၂။ လေပွေသစ်ရွက် = လေတိုက်၍ကျလာသော သစ်ရွက်ကိုမြေမကျခင် ပါးစပ်ဖြင့်ဖမ်းယူ
၄၃။ လူဖိထင်း = အလိုအလျောက်လဲပြို သော ထင်းပုံမှ လူကိုဖိမိသောထင်း
၄၄။ နတ်ရဲသစ်ပင် = ရုက္ခစိုးနတ်စင်ရှိသောသစ်ပင်
၄၅။ ဝက်မြီးမြေလုံး = ဝက်၏ အမြီးနဲ့ကပ်ပါလာသောမြေလုံး
၄၆။ မဟာဆီ မဟာသွေး = သားဦးယောင်္ကျားလေး မွေးသော မိန်းမနို့ရည်
၄၇။ လျောမွေးလက်ညှိုး = ကလေးမွေးရာတွင် အသေမွေးလာသော ကလေး၏ လက်ညှိုး ပါးစပ်ဖြင့်ကိုက်ယူ
၄၈။ ဧကမုတ်အုန်း = မျက်စိတစ်ပေါက်သာပါသော အုန်းသီး
၄၉။ မြေကြီးတစ်ထောင် = နကျည်မြေ
၅၀။ ပန်းပေါင်းတစ်ထောင် = ပျားရည်
၅၁။ အခိုးတစ်ထောင် = ကျပ်ခိုး
၅၂။ သစ်ရွက်တစ်ထောင် = ဆိတ်ချီး
၅၃။ တောကြီးမျက်မဲ = သစ်ကနက်သား
၅၄။ နွယ်ရှင် = ကြာဇံနွယ်ခေါ် ရွှေနွယ်ပင်
၅၅။ တစက်လက်ပြန်ရည် = တစက်မြိတ်သို့ကျလာသော ရေကို ခံယူကာ တစ်ဖန်ပြန်၍ ခေါင်မိုးပေါ်သို့လက် ပြန်ပက် ပြီးမှ ပြန်ကျလာသောရေ
၅၆။ တဇပုဆိုး = လူသေကိုဝတ်ခြုံ ပေးထားသော ပုဆိုး
၅၇။ ရေဂမိုးအိုးရေ ( ညာဂမိုးရေ ) = ရေအပြည့်ထည့် ထားသော အိုးဖင်မှတစိမ့်စိမ်ကျနေသော ရေ
၅၈။ ရေပြန် = ကျင်ငယ်ရေ
၅၉။ ခြေမကြိုး လက်မကြိုး = လူသေ၏ ခြေလက်တို့တွင်ချည်ထား သောကြိုး
၆၀။ စဖိုလယ်ပြာ = မီးဖို၏ အလယ်မှပြာ
၆၁။ တံစူးဝါး = လူသေကိုမီးရှို့သည့်အခါ ထိုးသောဝါး
၆၂။ လုပ်တိုင်းမြေ = သချိုင်းမြေ
၆၃။ လေးကျွန်းမြေ = အောက်ချင်းငှက်အသိုက်မှမြေ
၆၄။ နဂျီမြေ
နဂျီကောင်များ အိမ်ဖွဲ့သောမြေ
၆၅။ ဆုန်ရေ
အထက်မှအောက်သို့ ဆင်းသောရေ
၆၆။ ဆန်ရေ
အောက်မှအထက်သို့ ပြန်တတ်သောရေ
၆၇။ ပိတုန်းနှစ်ကောင်ချေး = နှပ်ချေး
၆၈။ ကြာဝတ်စံ = မျက်ချေး
၆၁။ တံစူးဝါး = လူသေကိုမီးရှို့သည့်အခါ ထိုးသောဝါး
၆၂။ လုပ်တိုင်းမြေ = သချိုင်းမြေ
၆၃။ လေးကျွန်းမြေ = အောက်ချင်းငှက်အသိုက်မှမြေ
၆၄။ နဂျီမြေ နဂျီကောင်များ အိမ်ဖွဲ့သောမြေ
၆၅။ ဆုန်ရေ အထက်မှအောက်သို့ ဆင်းသောရေ
၆၆။ ဆန်ရေ အောက်မှအထက်သို့ ပြန်တတ်သောရေ
၆၇။ ပိတုန်းနှစ်ကောင်ချေး = နှပ်ချေး
၆၈။ ကြာဝတ်စံ = မျက်ချေး
၆၉။ လူပျို သုံးဆယ့်နှစ်ယောက်ချေး = သွားချေး
၇၀။ လူရူးအံဖက် -သုတ်ရည်
၇၁။ အိုင်နဖာချေး အမျိုးသမီးယောနိမှချေး ( အဖြူ )
၇၂။ သစ်ဘီလူးပင် အရင်းသေးပြီး အဖျားကြီးသောအပင်။ မေတ္တာဖြင့်ဗဟုသတရစေရန်ပြန်လည် မျှဝေး လိုက်ပါသည်။

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย

sex doll မယ်တော်