Hydrangea ခြောက်လပန်း

 



ခြောက်လပန်းပင် (Hydrangea) (ဟိုက်ဒရေးန်ဂျား သို့မဟုတ် /hˈdrniə/)[]သည် အာရှတိုက်နှင့် အမေရိကတိုက်များတွင် သဘာဝအတိုင်းပေါက်ရောက်သော မျိုးစိတ် ၇၀-၇၅ ခုခန့်ရှိသော ပန်းပွင့်သော အပင်မျိုးစုတစ်ခု ဖြစ်သည်။ ဟိုက်ဒရေးန်ဂျား (hydrangea) သို့မဟုတ် ဟော်တဲန်ရှား (hortensia)ဟု အသိများသည်။ မျိုးစိတ်ကွဲအများဆုံးကို အရှေ့အာရှနိုင်ငံများဖြစ်သော ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့တွင် တွေ့ရသည်။ ခြောက်လပန်းပင်သည် ဟိုက်ဒရေးန်ဂျီးအေးစီးအီး (Hydrangeaceae) မျိုးရင်းတွင် ပါဝင်သည်။ (ဟိုက်ဒရေးန်ဂျီးအေးစီးအီး (Hydrangeaceae)မျိုးရင်းဝင် အပင်များသည် ဆက်ဆီဖရာဂေးစီး (Saxifragaceae) မျိုးရင်းအောက်တွင် ယခင်ကရှိခဲ့သော်လည်း၊ ယခုအခါ သီးသန့်မျိုးရင်းအဖြစ် သတ်မှတ်ထားသည်။[]) အများစုမှာ ချုံဖုတ်များ (shrubs) ဖြစ်ပြီး၊ ၁-မီတာမှ ၃-မီတာအထိ မြင့်နိုင်သည်။ အချို့မှာ သစ်ပင်ငယ်များဖြစ်ပြီး၊ အချို့မှာ သစ်ပင်များအပေါ် တွယ်တက်တတ်သော နွယ်ပင် (Liana) အမျိုးအစားများဖြစ်ပြီး ၃၀-မီတာ (၉၈-ပေ) အထိ ရောက်နိုင်သည်။ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလေ့ရှိသော မျိုးစိတ်အားလုံးသည် ရွက်ကြွေပင်များ (deciduous) ဖြစ်သော်လည်း၊ မျိုးစိတ်အချို့မှာ အမြဲစိမ်း (evergreen) ဖြစ်သည်။[]

အပွင့်များသည် အဆုပ်လိုက် ပွင့် လေ့ရှိပြီးလျှင်၊ အရောင်မှာ အမျိုးကိုလိုက်၍ အဖြူ၊ အပြာနု၊ ပန်းရောင် စသည်ဖြင့် အမျိုးမျိုးဖြစ်တတ်သည်။ များသောအား ဖြင့် ပန်းရောင်ဖြစ်တတ်၏။ ခြောက်လပန်းသည် ညိုးနွမ်း လွယ်ခြင်း မရှိဘဲ ကြာရှည်ခံသဖြင့် အလှစိုက်ပျိုးရန် ကောင်း သော ပန်းပင်မျိုး ဖြစ်သည်။

ခြောက်လပန်းသည် ပန်းဝတ်မှုန် သယ်ဆောင်တတ်သော ပျားပိတုန်း၊ ပိုးဖလံများကို မိမိ၏အပြင်ပန်း အလှဖြင့် မိမိရှိရာ သို့ ဆွဲဆောင်သည်။ သို့သော် ခြောက်လပန်းထုပ်ရှိ အပေါ်ယံ အပွင့်များတွင် ဝတ်ဆံဖို ဝတ်ဆံမများ လုံးဝမရှိချေ။ မျိုးပွား နိုင်သော အပွင့်ကလေးများသည် အတွင်းပိုင်း၌သာ ရှိကြသည်။ ခြောက်လပန်းပင်ရှည်မျိုးကို ခြံစည်းရိုး တစ်လျှောက် တွင်လည်းကောင်း၊ အပင်ပုမျိုးကို ပန်းအိုးများဖြင့်လည်းကောင်း မျက်စိပသာဒ ကြည့်၍လှအောင် စိုက်ပျိုးလေ့ ရှိကြသည်။

ခြောက်လပန်းတွင် စိတ်ကြိုက်အရောင် ဖြစ်ထွန်းရရှိအောင် လောင်းပေးသောရေထဲ၌ သင့်တော်သော ဓာတ်ပစ္စည်းများ ဖျော် ထည့်ပေးခြင်းဖြင့် ပြုပြင်ဖန်တီးပေးနိုင်သည်။ ပမာအားဖြင့် အပြာရောင်ဖြစ်စေလိုပါက၊ ရေထဲ၌ ဒုတ္ထာကို ဖျော်ထည့်ပေး ရ၍၊ ပန်းရောင်ကို အလိုရှိပါက ပိုတက်ဆီယမ်ပါမန်ဂနိတ်ကို ဖျော်ထည့်ပေးရသည်။[]

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย

sex doll မယ်တော်