ฺယင်းတိုက် กระพี้เขาควาย

 




ယင်းတိုက် (Yindaik) ၏ ရုက္ခဗေဒ အမည်မှာ Dalbergia cultrata ဖြစ်သည်။

အသုံးဝင်ပုံ

[ပြင်ဆင်ရန်]

ယင်းတိုက်သစ် အနှစ်သားသည် မာ၍ အစင်းကြောင်းများ ထင်လျက် လှပသဖြင့် ပန်းပုထုရန် အလွန် အသုံးဝင်သည်။ အသား၏အရောင်မှာ အညို၊ သို့မဟုတ် အနက် ဖြစ်သည်။ အနောက်နိုင်ငံများမှ အက်ဗနီခေါ် သစ်သားနက်နှင့် ယင်းတိုက်သားတို့သည် ဆင်တူကြသည်။ ယင်းတိုက်သားကို မြေအောက်၌ အတန်ကြာ မြှုပ်ထားလျှင် အက်ဗနီသစ်နှင့်မခြား မည်းနက်လာ နိုင်သည်။ လက်ကိုင်တုတ်များ၊ လက်ကိုင်ရိုးများနှင့် အိမ်အသုံး အဆောင်များကို ယင်းတိုက်သားနှင့် ပြုလုပ်ကြသည်။ နှဲတံ၊ ပြွေတံ စသည်တို့ကို ပြုလုပ်ရာတွင်လည်း ယင်းတိုက်သားကို အသုံးပြုကြသည်။ ထူးခြားစွာ လှပသော ဝက်မှင်ဘီးခုံများ ပြုလုပ်ရာတွင်လည်း ယင်းတိုက်သားကို အသုံးချနိုင်သည်။ ယင်းတိုက်ပင်သည် အမြင့် ပေ ၆ဝ အထိနှင့် ပင်စည်လုံးပတ် ငါးပေမျှ ရှိသဖြင့် အရွယ်အလတ်စားမျိုး သစ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ မြေပြန့်သစ်တောများနှင့် တောင်နိမ့်ပိုင်း သစ်တောများ၌ ယင်းတိုက်ပင်များ ပေါက်ရောက်သည်။ ယင်းတိုက်ပင်၏ ပင်စည်တွင် များသောအားဖြင့် ထွင်းကြောင်းများထင်လျက် ရှိသဖြင့် ပျဉ်ကြီးကြီးများ ခွဲဖြတ်ရန် မဖြစ်နိုင်ချေ။[]

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย

sex doll မယ်တော်