ဖလံ ชงโคนา ส้มเสี้ยว
ชงโคนา หรือชงโคขี้ไก่ หรือส้มเสี้ยว ชื่อวิทยาศาสตร์: Bauhinia racemosa
Bauhinia Racemosa
ဖလံပင်သည် စွယ်တော်မျိုး ဖြစ်၏၊ သို့သော် ပင်စည် ကောက် ကွေ့ကွေ့ ရှိ၏၊ အကိုင်း အခက်များ မြေသို့ ညွတ်ကိုင်းလျက် နေတတ်၏။ အရွက် မှာ စွယ်တော်များအောက် သေးငယ်သည်။အရွက်၏ အလျားသည် အနံထက် ကျယ်၏။ အရွက်၏ ကြောထက်၌ မွေးနု အဖြူ များ ရှိ၏။ ပွင့်ဖူးထိပ် ချွန်၏။ အပွင့် ဝါရောင် အနည်းငယ် သန်း၍ ဖြူရောင်ပွင့်၏၊ အသီးတောင့်ပြားသည်။
ဂုဏ် နှင့် စွမ်းရည်။ ။ပဉ္စငါးပါးကို အသုံးပြုရ၏၊ ဖန် ချို၏။ အေး၏။ ဝိပါက၌ စပ်၏၊ သလိပ် သည်းခြေကို နိုင်၏။ ပိုးရောဂါ, အသဲရောဂါ တုလာသရော, ပူခြင်း, ရေငတ် ခြင်း တွေဝေခြင်း, ဝိသမဖျား, ကျောက်တည် နူနာ ဝစ္စမဂ်ရောဂါ ကျပ်တီးနာ, အနာပေါက် လည်ချောင်း ရောဂါ သွေးဖောက်ပြန်, အဆိပ် ဝမ်းသက် သည်းခြေကြောင့် ဖြစ်သော ရောဂါများကို ပျောက်ကင်းစေတတ်၏။

_leaves_&_fruit_pods_in_Hyderabad,_AP_W_IMG_7117.jpg)
Comments
Post a Comment