စူကာ เสาวรส
เสาวรส ชื่อวิทยาศาสตร์ : Passiflora laurifolia L. ชื่อสามัญ : Jamaica honey-suckle, Passion fruit, Yellow granadilla วงศ์ : Passifloraceae ชื่ออื่น : สุคนธรส (ภาคกลาง) ลักษณะทางพฤกษศาสตร์ : เป็นไม้เถา เถามีลักษณะกลม ใบ เป็นใบเดี่ยว ขอบใบหยักลึก ที่ก้านใบมีต่อมใบ ดกหนา เป็นมันสีเขียวแก่ ดอก ออกดอกเดี่ยวขนาดใหญ่ ห้อยคว่ำ
စူကာပန်းကို နွယ်နီနတ်ပန်းဟူ၍လည်း ခေါ်သည်။ ရုက္ခ ဗေဒအမည်မှာ 'ပက်ဆီဖလိုရာ လောရီဖိုးလီးယား' ဖြစ်သည်။ အလွန်လှပ၍ မွှေးကြိုင်သည်။ ထိုပန်းပင်မျိုးသည် နိုင်ငံခြား၌ မူလပေါက်သည်။ အနောက်အိန္ဒိယကျွန်းစုတွင် ထိုပန်းပင်ကို ကျွဲခေါင်းသီးနွယ်ဟူ၍ ခေါ်သည်။ ဤလောရီဖိုးလီးယား ပန်း မျိုးသည် အနောက်အိန္ဒိယကျွန်းစုမှ မြန်မာနိုင်ငံသို့ အဦးဆုံး ယူလာသော စူကာပန်းမျိုးဖြစ်သည်ဟု ယူဆရသည်။
ရုက္ခဗေဒ အမည်ဖြင့် 'မက်ဆီဖလိုရာ ဖိတီတာ'ဟု ခေါ် သော စူကာပန်းမျိုးလည်း ရှိသည်။ ထိုပန်းမျိုးကို တောစူကာ ဟူ၍လည်းကောင်း၊ သကြားသီးနွယ် ဟူ၍လည်းကောင်း ခေါ်သည်။ ထိုပန်းအနံ့မှာ မကောင်းချေ။ ဥယျာဉ်များတွင် တွေ့ရခဲသော်လည်း ခြံစည်းရိုး များပေါ်၌ နွယ်လျက်ပေါက်သည်ကို တွေ့ရတတ်သည်။ တောစူ ကာပန်းမျိုးကို မော်လမြိုင်မြို့အနီးတွင် အများအားဖြင့် တွေ့ရ သည်။


Comments
Post a Comment