ခရေပင် ต้นพิกุล
ชื่อเรียกอื่นๆคือ ခယားပင် , ချယားပင်
ถ้า ခယားပန်း หมายถึง กาน้ำเล็กๆเน้อ
ခရေပင်ကို ခယားပင်ဟုလည်း ခေါ်၍ ချယားပင်ဟုလည်း လူသိများသည်။ ခရေပင်သည် မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း နှင့် ဗန်းမော်ခရိုင်တို့၌ အလေ့ကျပေါက်တတ်၍၊ အခြားဒေသ များ၌လည်း စိုက်ပျိုးထားသည်ကို တွေ့ရသည်။
ခရေပင်သည် ပေ ၅ဝ ခန့်အထိ မြင့်နိုင်၍၊ အမြဲစိမ်းအရွက်များ ထူထပ်စွာ ရှိသဖြင့် အရိပ်ကောင်းကို ပေးနိုင်သည်။ ကြီးခဲသောအပင်မျိုး ဖြစ်သော်လည်း ရနံ့သင်းသောအပွင့်များနှင့် အရိပ်ကောင်းရ သည့်အတွက် ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလေ့ရှိကြသည်။ မျိုးပွားလိုသော် အစေ့ကို စိုက်ပျိုးရလေသည်။
အခေါက်၏အရောင်မှာ အနက်ရောင် မွဲပြာဖြစ်၍ ကြမ်း သည်။ အရွက်များမှာ ၃၊ ၄ လက်မရှည်၍ ချောမွတ်ပြောင် လက်သည်။ ခရေပင်နှင့်စပ်လျဉ်း၍ လူသိအများဆုံး အထူး သဖြင့် အမျိုးသမီးများ အသိအများ ဆုံးကား လှပ၍ ရနံ့သင်း သော အပွင့်များပင်ဖြစ်လေသည်။
ခရေပွင့်သည် ဖြူ၍ အချင်း ငွေမတ်စေ့ခန့် ရှိသည်။ ကြယ်ပွင့်ကလေးများနှင့် သဏ္ဌာန်တူ၍ နွေဦးပေါက်မှ မိုးကျသည်အထိ ပွင့်ကြသည်။ ကလေးသူငယ် တို့သည် နံနက်အစောကြီးထကာ ခရေပင်အောက်၌ ဖွေးဖွေးဖြူ ကြွေကျနေသော ခရေပွင့်များကို အလုအယက် ကောက်ပြီးသော် တုတ်တံကလေးများဖြင့် သီ၍ ဘုရားတင်လေ့ရှိကြသည်။
အမျိုး သမီးများက ကြိုးဖြင့် သီကုံး၍ ဦးခေါင်း၌ ပန်ဆင်လေ့ရှိကြ သည်။
အသီးများမှာ တစ်လက်မခန့်ရှည်၍ မှည့်လျှင် အရောင်ဝါ လာသည်။ ခရေစေ့များကို ကလေးသူငယ်တို့သည် တွင်းထဲကျ အောင် လက်ဖြင့်တောက်တမ်း ကစားလေ့ရှိကြရာ ခရေစေ့တွင်းကျ ဟူသောစကားမှာ ထိုကစားနည်းမှ စတင်ပေါ်ပေါက်လာကြသည်။
ခရေသား၏အရောင်မှာ နီညစ်ညစ်ဖြစ်၍၊ အသားကျစ်ခြင်း၊ မာကျောခြင်း၊ ခိုင်ခံ့ခြင်း၊ ကြာရှည်ခံခြင်း၊ ပြောင်လက်လာ အောင် အရောင်တင်နိုင်ခြင်းများကြောင့် ယင်းအသားဖြင့် အဆောက်အုံ၊ ဘီရို၊ တံတား၊ လှည်း၊ လှေနှင့် ဆန်ထောင်း ကျည်ပွေ့များ ပြုလုပ်ကြသည်။
ခရေပင်၏ ဆေးဖက်ဝင်သော အကျိုးကား အသီးနှင့် အခေါက်တို့၌ ချုပ်စေတတ်သည့် သတ္တိရှိသည်။ အစေ့များကို ရေ၌နူးအောင် စိမ်ပြီးနောက် ကျိုချက်လျှင်လည်း အကြော အဆစ် ရောင်နာများတွင် လိမ်းရသော ဆီတစ်မျိုး ရနိုင်သည် ဟု ဆိုလေသည်။


Comments
Post a Comment