ရင်ခတ် พุดจีน พุดซ้อน Gardenia jasminoides J.Ellis และ ဇီဇဝါ
พุดซ้อน พุดจีน หรือพุดใหญ่, Garden Gardenia ชื่อวิทยาศาสตร์ Gardenia jasminoides J.Ellis วงศ์ Rubiaceae ไม้พุ่ม สูง 1-2 เมตร ดอก เดี่ยวออกที่ซอกใบใกล้ปลายยอด กลีบดอกสีขาวจำนวนมากเรียงซ้อนกัน บานนาน 2 วันแล้วเปลี่ยนเป็นสีเหลืองจนดอกโรย ส่งกลิ่นแรงช่วงกลางคืน กลางวันกลิ่นหอม อ่อนๆ ตลอดวัน
“ ရင်ခတ်ပန်း “
ရင်ခတ်ပင်သည်ရူဗင်အေစီအီး(Rubiaceae)မျိုးရင်းတွင်ပါဝင်သော သစ်ပင်အလတ်မျိုးဖြစ်၍ ရင်ခတ်ကြီးနှင့် ရင်ခတ်ကလေးဟူ၍ နှစ်မျိုးရှိသည်။
ရင်ခတ် /ယင်ဂတ်/န-တန်ခူးလတွင်ဝါကြန့်ကြန့် အရောင်ပန်းပွင့်သော ပင်စောက်တစ်မျိုး ။
ရင်ခတ်ကြီးကို ရုက္ခဗေဒ အလိုအရ ဂါဒီနီယာ ကိုရိုနေရီယာ
(Gardenia Coronaria ) ဟုခေါ်သည်။ အပင်မှာ အရွယ်အလတ်စားဖြစ်ပြီး မြန်မာနိုင်ငံ ခြောက်သွေ့သည့် လွင်ပြင်သစ်တောများတွင် အတော်များများပေါက်ရောက်သည်ကို တွေ့နိုင်ပါသည်။အမြင့်ပေ ၄၀/၅၀ထိရှိကြ၍ လုံးပတ်၄ပေအထိရှိနိုင်သည်။
အများအားဖြင့်အကိုင်းအခက်များသော အပင်မျိုးဖြစ်သည်။ရင်ခတ်ပင်၏ အသားမှာ ကျစ်လစ်မာကျော၍ အရောင်မှာ အညိုဖျော့ ဖြစ်သည်။ အသားသေအောင်ပြုလုပ်ရာတွင်ဂရုစိုက်ရသည်။
ရင်ခတ်သားကို ဘီးနှင့် အရုပ်ထုလုပ်ရန်အသုံးပြုကြသည်။
ရင်ခတ်ကလေး၏ ရုက္ခဗေဒ အမည်မှာ ဂါဒီနီယာ
အော့ဗတူဆီဖိုလီယာ(Gardenia Cbtusifolia) ဖြစ်သည်။ရင်ခတ်ကြီးနှင့်အလားတူ ပင်မျိုးဖြစ်၍ ရင်ခတ်ကြီး
ပေါက်ရောက်သည့် သစ်တောများတွင်ပင်ပေါက်ရောက်လေသည်။ ရင်ခတ်ကလေးသည်အမြင့်ပေ ၂၀ကျော်
လေသည်။
ရင်ခတ်ပင်သည် တပေါင်းတန်ခူးတွင် အပွင့်များစပွင့်သည်။ အပွင့်တို့သည် အခက်ထိပ်ဖျားတွင် တစ်ပွင့်ချင်းပွင့်၍ အချင်း၃လက်မခန့်ရှိကာ ရွှေဝါနု ရောင်ဒလက်ပုံ ပွင့်ချပ်လွှာ(၇)ခုရှိပြီး အလယ်တွင်ဝတ်ဆံဖိုမ တို့ရှိသည်။ ရနံ့သင်းပျံ့သည်။ ဇီဇဝါပန်းနှင့်ဆင်ပြီး ပွင့်လွှာတစ်ထပ်သာရှိသည်။
နံနက်ပွင့်စတွင်ဝါကြန့်ကြန့် ခပ်ဖျော့ဖျော့အရောင်ရှိ၍ နေ့လည်တွင်ရွှေဝါရောင်မှ ညနေတွင်ရွှေအိုရောင်သို့ ပြောင်းသွားသည်။ ပဲခူးရိုးမ၏အင်တိုင်း တောများတွင်ပေါက်ရောက်၍ တောထင်းအဖြစ်အသုံးပြုကြသည်။
မြန်မာ့စွယ်စုံကျမ်း
พุดใหญ่อีกคำ ဇီဇဝါ Gardenia jasminoides
“เก็ดถะหวา” บ้างว่า “แกถะหวา” “ซ้อน” หรือ “ซ้อนห้อ” ไทยกลางว่า “พุดซ้อน” ไทยถิ่นว่า “พุดจีน” หรือ “พุดใหญ่” ชื่อวิทยาศาสตร์ คือ Gardenia augusta (L.) Merr. ชื่อวงศ์ RUBIACEAE ชื่อสามัญ Cape jasmine , Gardenia jasmine รากของเก็ดถะหวาเป็นยาแก้ไข้ เปลือกแล้วลำต้นแก้บิด ใบใช้ตำพอกแก้ปวดศีรษะ ผลใช้ขับพยาธิและขับปัสสาวะဇီဇဝါပင် သည် ပန်းပင်ဖြစ်၏။ ဇီဇဝါပန်းသည် အနံ့မွှေး၍ အဖြူ သို့မဟုတ် လိမ်မော်ရောင် ရှိသည်။ ဇီဇဝါ ပန်းအနံ့သည် စပယ်ပန်းအနံ့နှင့်တူ၏။ ဇီဇဝါပန်းသည် နွမ်းပြီး ဝါသွားတဲ့ အချိန်ထိတိုင်အောင် မွှေးပျံ့သည့် ရနံ့ ရှိသည်။ ပွင့်ဖတ်များသည် နူးညံ့၍ အရောင်တောက်ပ၏။ အပွင့်၌ အထပ်နှစ်ထပ်ရှိတတ်သည်။ ဇီဇဝါပင်သည် အပူပိုင်း သို့မဟုတ် အပူလျော့ပိုင်းများ တွင် ပေါက်ရောက်လေ့ရှိ၏။ အမြဲတမ်းစိမ်းနေသည့် ဇီဇဝါပန်းပင်သည် ချုံပုတ်မျိုး ဖြစ်ပြီး နေအပူကို ခံနိုင်စွမ်းရှိသော အပင်မျိုး ဖြစ်သည်။ အင်္ဂလိပ်အမည် gardenia လို့ခေါ်တွင်ပြီး cape jasmine ဟုလည်း ခေါ်ကြသည်။





Comments
Post a Comment