ခံပင် คล้ายมะลิมาก

 


ခံပင်သည် စီးပွားရေးသဘောအရ တန်ဖိုးများစွာမရှိချေ။ သို့သော် မြန်မာစာပေ၌ ခံပွင့်ကို စပယ်ပွင့် မရှိခိုက် အစားသုံးခဲ့ကြောင်း စပ်ဆိုခဲ့သည့် ကဗျာတစ်ပုဒ်ကြောင့်၊ ခံပွင့်သည် ထင်ရှားခဲ့သည်။ လတ်လတ်ဆတ်ဆတ်ဖြစ်စေ ဆားစိမ်၍ ဖြစ်စေ ငါးပိနှင့် စားရသော ခံသီးအစိမ်းများကိုလည်း လူသိများကြပေသည်။

ခံပင်သည် ချုံပင်ကြီးမျိုး သို့မဟုတ် အဖုအထစ်များသော သစ်ပင်ငယ်တစ်မျိုး ဖြစ်သည်။ အဆင့်ဆင့် နှစ်ခွစီ ဖြာထွက်တတ်သော အကိုင်းအခက်များ ရှိသည်။ ခွဆုံများ၌ဖြစ်စေ အဖုအထစ်များ၌ ဖြစ်စေ ၁ လက်မ ၂ လက်မ ရှည်သည့်ဆူးများ ပေါက်နေသည်။ ဘဲဥပုံအရွက်ရှိ၍၊ အပွင့်မှာ အဖြူ သို့မဟုတ် ပန်းရောင်ဖျော့ဖျော့ ဖြစ်သည်။ အသီးမှာ ၁ လက်မခန့်ရှိ၍ အနီရောင်ဖြစ်လေသည်။

အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဥယျာဉ်များတွင် ခံပင်ကို အတွေ့ရများလေသည်။ သို့သော်၊ မြန်မာနိုင်ငံ အောက်ပိုင်း၌လည်း စိုက်ပျိုးနိုင်သည်။ မျိုးပွားလိုသော် အစေ့မှ မျိုးပွားရသည်။

ပိုးမွေးမြူသော ပိုးစာပင်အစား အသုံးပြုနိုင်သည့် အခြား အပင်များတွင် ဤခံပင်သည် ပါဝင်ကြောင်း သိရသည်။ ခံပင်မျိုးတွင် ခံပင် သို့မဟုတ် ခံစပ်ပင်ဟူသော အမည် နှင့် မျိုးကွဲတစ်မျိုး ရှိသေးသည် ၊သို့သော် ခံစပ်ပင်သည် အသီး မည်းသီးခြင်း၊ အရွက်သေး၍ ပါးခြင်း၊ ဆူးများ သေးငယ်ခြင်း တို့မှလွဲ၍ မူလခံပင်နှင့် ဘာမျှ မခြားချေ။ ခံစပ်ပင်၏ အရွက်နှင့် အခေါက်များကိုမူ၊ သားရေနယ်ရာတွင် အခြားပစ္စည်းများနှင့် ဖက်စပ်၍ အသုံးပြုနိုင်ကြောင်း သိရလေသည်။ []

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย

sex doll မယ်တော်