နန်းလုံးကြိုင် กระถินเทศ
နန်းလုံးကြိုင်
နန်းလုံးကြိုင်ပင်၏ ရနံ့သည် နန်းတော်တခုလုံး သင်းပြန့်မွှေးကြိုင်အောင် မွှေးရနံ့ရှိသဖြင့် နန်းလုံးကြိုင်ဟူ၍ အမည်တွင်သည်။ အင်္ဂလိပ်အမည်မှာ Vachellia farnesiana ဖြစ်သည်။ ထိုအပင်သည် ဆူးဖြူပင်နှင့် ပန်းခိုင်ပုံစံတူသော်လည်း ဆူးဖြူမျာ ရနံ့ကင်းသည်။ နန်းလုံးကြိုင်ပင်သည် ခြုံပင်ကြီးမျိုးဖြစ်သည်။ ပွင့်ချိန်တွင် အသီးများပါ တပါတည်းတွေ့ရတတ်သည်။ ဒီဇင်ဘာလတွင် ပန်းများပွင့်ဖူးသည်။ အမြစ်သည် ဆေးဖက်ဝင်သည့်အပိုင်းဖြစ်သဖြင့် စီးပွားဖြစ်တူးယူသူ များပြားပြီး အပင်မှာ ရှားပါပင်ဖြစ်လာခဲ့သည်။

Comments
Post a Comment