သစ်ကနက် กระพี้เขาควาย
သစ်ကနက်(Burmese Black Wood)
-မျိုးရှားသောသစ်မာပင်တစ်မျိုးဖြစ်သည်။
-သစ်ကနက်ပင်ကိုရင်းတိုက်ပင်ဟုလည်းခေါ်သည်။
-ရာသီဥတုအလိုက်အရွက်ကြွေသောအပင်အမျိုးအစားဖြစ်သည်။
-မြန်မာနိုင်ငံတွင်ရွက်ပြတ်ရောနှောတော၊တောစို၊အထက်ရွက်ပြတ်ရောနှောတော၊ခြောက်သွေ့တောနှင့်အင်တိုင်းတောများတွင်ပေါက်ပါသည်။
-သစ်ကနက်ပင်များသည်အမြင့်ပေ60အထိနှင့်ပင်စည်မှာရင်စို့လုံးပတ်5ပေခန့်ရှိသောအပင်ဖြစ်သည်။
-ပင်စည်မှာဖြောင့်တန်းသော်လည်းသေးငယ်ပြီးအရွက်ကြဲသည်။
-အခေါက်မှာမလိုင်ရောင်ဖြစ်ပြီးအသင့်အတင့်ချောမော၍အက်ကြောင်းများပါရှိသည်။
-အတွင်းအခေါက်မှာနီညိုရောင်ဖြစ်သည်။
-အရွက်များမှာငှက်မွှေးပုံရွက်ပေါင်းဖြစ်ပြီးရွက်မြွှာများမှာ3စုံမှ6စုံအထိပါရှိတတ်ပြီးရွက်မြွှာများ၏ရွက်ရိုးများမှာလည်းအလွန်တိုပါသည်။
-အပွင့်များမှာအဖြူရောင်(သို့)ပန်းနုရောင်ဖြစ်ပြီးပွင့်ဖတ်အုံ၌ခွေးသွားစိတ်များရှိကြသည်။
-အသီးများမှာအသီးတောင့်များဖြစ်ပြီးငှက်တောင်ပုံဖြစ်၍အနည်းငယ်ကောက်သည်။
-အစေ့တစ်စေ့မှသုံးစေ့အထိပါသည်။
-အနှစ်သားမှာခရမ်းရောင်ရင့်ရင့်(သို့)အရောင်နက်ပြီးအစင်းကြောင်းများထင်ရှားလှပစွာပေါ်သည့်အတွက်ပန်းပုထုရန်အသုံးဝင်သည်။
-သစ်ကနက်သားသည်မာကျောသောကြောင့်အလွန်ခိုင်ခံပါသည်။
-အရွက်၊အမြစ်၊အခေါက်တို့ကိုပြုတ်၍ရေချိုးခြင်းဖြင့်အဖောအရောင်ရောဂါနှင့်ရေပျဥ်းစွဲရောဂါတို့ကိုပျောက်ကင်းစေနိုင်ကြောင်းသိရသည်။
-မြေအမျိုးအစားအမျိုးမျိုးစိုက်၍ရပြီးရာသီဥတုအကြမ်းခံနိုင်ပါသည်။(ရေများများမကြိုက်ပါ)
-ရှားပါးပြီးအဖိုးတန်သစ်ဖြစ်သောကြောင့်စျေးကြီးပါသည်။
သစ်ပင်စိုက်၍သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြပါစို့


Comments
Post a Comment