ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย
ชั้นเรียนอิงคะวิชชา ล่วงมาถึงโลกธาตุ ในสูตรอันตอ กัดเป
เกิดพระอาทิตย์ก่อน จึงเกิดพระจันทร์
เกิดธาตุร้อน แล้วเกิดธาตุเย็น
จับคู่มุม กับคู่แจ้ง กันแล้วครับ
โลกธาตุเย็นร้อนนี้ ใช้มากในอิงคะวิชชาว่าด้วยยา
ในส่วนยะตะยา ดวงตกสุดขีด หรือผู้ป่ายที่ธาตุไม่สมบูรณ์
ก็มีสูตรคิดว่าควรจะทานอาหารอะไรในช่วงเวลาใด ...
ครับ ... อิงคะวิชชาธาตุว่าด้วยเคล็ด
คงเห็นภาพขึ้นนะครับ ...
......
โลกธาตุว่าด้วยร้อนกับเย็นนั้น
ร้อนภาษาบาลีพม่าว่า อุณหะ
เย็นภาษาบาลีพม่าว่า สี่ตะ
สี่ตะเขียนด้วยคำว่า သီတ บาลีพม่ายกตัวอย่างชื่อต้นไม้
คือ ဇောင်ချမ်းပင် คำว่า ချမ်း นั้นหมายถึง ร่มเย็น (สุขสงบ)
อักขระ ဇ ในคำ ဇောင် เป็นกลุ่มอังคาร เป็นซะเหย่ธาตุ ในตารางโลกธาตุนี้
...
ဇောင်ချမ်းပင် เป็นต้นไม้ชนิดหนึ่ง เป็นสัญลักษณ์ของอิญญาเดตะ (แถบพุกาม มะเกว เป็นต้น) เมื่อเทียบกับต้นไม้ไทย
คือต้น ไก่ไห้ หรือภาคอิสานเรียกว่า ควายเลีย (ยังมีชื่ออีกมาก .. ข้อมูลจากมติชนว่า ไกไห้ เพราะเป็นไม้มีหนาม ควายเลีย เพราะกินไม่ได้ เป็นไม้ในตำรับยาของวัดโพธิ)
......
จบอิงคะวิชชาธาตุ
ได้ต้นไม้แปลกหูแปลกตามากมายเลยครับ
ที่บันทึกไว้ในเพจ ชนิดมีรูปภาพประกอบ
ก็ 122 ชนิดเข้าไปแล้ว ...
รอผู้ร่วมงานที่เชี่ยวชาญเรื่องไม้ มาต่อยอดให้ ....
#อิงคะวิชชาธาตุพม่า ผมใช้คำดั้งเดิมเพื่อให้ถึงจิตวิญญาณของวิชชา
จะเข้าเรียนในกลุ่ม ต้องคิดให้ดีนะครับ
ถึงจะเป็นกลุ่มเล็ก ก็เลือกศิษย์เช่นกัน
ส.มะริด
เครดิตภาพ
သက်နိုင်ဦး ၊ မုံရွာတက္ကသိုလ်
ใใใใใ
အညာဒေသရဲ့ အမှတ်အသားတခုလို ရှိနေသော အပင်ပါ၊ ပခုက္ကူ ကနေ မုံရွာ အပြန်ခရီးမှာ ဒီအပင်ကိုတွေ့ရတယ်၊ ရေစကြို အကျော် ရွာလေးတခုအလယ်မှာ ဖွေးနေအောင် ပွင့်နေတဲ့ ဇောင်ချမ်းပင်ကိုမြင်တော့ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ဖူး၊ ကားကိုခဏရပ် ပါလာသော ကင်မရာနဲ့ ပုံပေါင်းများစွာ ရိုက်မိတယ်၊ ဇောင်ချမ်းတွေက မတ်လ ဧပရယ် လတွေမှာစလို့ပွင့်တယ်၊ ပန်းပွင့်နေတယ် ဆိုတာကလည်း သေခြာကြည့်မှသိတာပါ၊ အပွင့်က အဝါဖြော့ဖြော့ အရောင်ကြောင့် မထင်ရှားလှသလို ဖြူမွဲမွဲ အရွက်တွေကြားမှာ ပွင့်တာဆိုတော့လည်း တခါတရံရောနေတတ်တယ်။
Checklist 2003 မှာတော့ စစ်ကိုင်း၊ မန္တလေးတိုင်း နှင့် မကွေးတိုင်း မှာဘဲပေါက်တယ်ဆိုပါတယ်။ အပူပိုင်း ဒေသတွေမှာဘဲ့ တွေ့ရတဲ့ သဘောပါဘဲ၊ အအေးပိုင်းနဲ့ ပင်လယ်နဲ့နီးသော ဒေသ တွေမှာ မပေါက်ပါဘူး၊
အပင်ကတော့ ဆူးပါတဲ့ ခြုံပင်ကြီး (၀ါ) အပင်လတ်အမျိုးပါ၊ ၁ ပေသာသာ အချင်းရှိသော ပင်စည်ကြီးကိုပိုင်ဆိုင်တယ်၊ အနက်ရောင်သန်းသော ထောင်လိုက်အက်ကြောင်းတွေရှိတယ်၊ အများအားဖြင့် ရှုပ်ထွေးစွာ ကိုင်းဖြာလို့နေတယ်၊ အရွက်က ရွက်ထီး ရွက်လွှဲထွက်ပြီး ရွက်စွယ်လေးတွေက ဆူးအဖြစ်အသွင်ပြောင်းနေတတ်ပါတယ်။ အရွက်လေးတွေက ခတ်ဝိုင်းဝိုင်းပုံစံ
suborbicular အီလစ်ပုံ ဘဲဥပြောင်းပြန်ပုံ elliptic-obovate စသည်ဖြင့်ရှိကြတယ် ၊ ထိပ်ဖြားကတော့ obtuse or retuse and mucronate ဖြစ်တယ်၊ အမွှေးများနဲ့ဖုံးထားတယ်၊ အပွင့်လေးတွေက စိမ်းဝါ၀ါပါ၊ ပွင့်ဖတ် ပွင့်ချပ် ၄ ခုစီပါပြီး၊ ဝတ်ဆံဖိုကတော့ ၈ - ၁၀ ခုထိပါပါတယ်။ Capparaceae family ထုံးစံအတိုင်း Gynophore မခြေတံလေးပါပြီး ထိပ်ဖျားမှာ အစေ့အိမ်လေးကိုတွေ့ရမှာပါ။ အစေ့အိမ်ခန်းတခန်းသာ ပါပြီး အစေ့လောင်းတွေကနံရံကပ်နေပါတယ်။ အသီးက ဘယ်ရီသီး baccate ဖြစ်ပြီး အစေ့တွေက pulp ထဲမှာနစ်နေတတ်ပါတယ်။
June လောက်ဆိုအသီးလေးတွေသီးပါပြီ၊ အသီးနုလေးတွေကို ခူးပြီး အချဉ်တည်ရတာပါ၊
အသီးနုကို ကန့်လန့်ဖြတ်လှီးကာ အတွင်းသားကို ကြေး ဇွန်းအမြီးနှင့် ကော်ယူပြီး အင်တုံထဲမှာ အချဉ်တည်ပြီး စားကြတယ်၊ အညာဒေသရဲ့ အစားအစာတမျိုးပါဘဲ။
ဇောင်ချမ်းချဉ်တည်ရာမှာ နနွင်းဝါဝါနဲ့ တည်လေ့ရှိတယ်။ အရောင်လှအောင်ထည့်ကြသလို အချို့လည်းအဖြူရောင်ပါဘဲ ၊ အဖြူရောင်အကွင်းလေးတွေမှာ အပေါက်လေးတွေပါတယ်။ ဆီဝါ၀ါလေးတွေနဲ့ကျော်ထားတော ့ဇောင်ချမ်းချဉ်ကျော် က စားခြင့်သဖွယ်ပါ၊ ဇောင်ချမ်းချဉ်ကျော်နဲ့ ဂွေးတောက်ရွက် ပဲဟင်း ဒါမှမဟုတ် ဝက်ဘူးသီး သဗြွန်း အတွဲကတော့့ အလိုက်အဖက်ဆုံး အညာ ဟင်းတခွက်ပါဘဲ၊ ကြက်သားဝက်သားနဲ့မလဲနိုင်ပါဘူး၊
တိုင်းရင်းဆေးဆရာတိုင်းသိသော အဆိုအမိန့်လေးတခုကတော့
ဇောင်ချမ်း၊ ခံတက် ၊ ဆူးခေါက်နက်
သက်ရင်း၊ အော်လဲ ၊ ဆေးပုလဲ ဖြစ်ပါတယ်၊ ဒီအဆိုအရ ဇောင်ချမ်းက တိုင်းရင်းဆေးမှာထင်ရှားလှတယ်၊ ပခုက္ကူ ဖက်က ဆေးမြစ်ဆုံအခဲတွေ ကြော်ကြားတာက ဇောင်ချမ်းအမြစ်ကြောင့်ဖြစ်မယ်၊ အထက်က အပင်တွေရဲ့ အမြစ်များကိုရောသွေးပြီး သနပ်ခါးလို အခဲလုပ်ကာရောင်းကြတယ်၊ ဒေသ အပြန်အမှတ်တရ လက်ဆောင်လည်းဖြစ်တယ်၊
အရှင်နာဂသိမ် ဆေးကျမ်းမှာတော့
အမြစ်နှင့် အသီးသည်ချုပ်၏ သွေးကိုကြွတက်စေ၏၊ အထက်သို့တက်သော လေကိုလည်းနှိမ်နှင်းတတ်၏၊ အရွက်၏ သတ္ထုရည်သည်အန်စေတတ်၏၊ အသီးဆံကို အချဉ်ထည့်၍စားကြ၏၊ သို့သော်လည်း အပင်အမည်မှာ Osyris arborea ဖြစ်နေတာကတော့ စဉ်းစားစရာပါ၊ အပင်ရဲ့ပုံလည်းဖော်ပြမထားတော့ Ref ယူမည့်သူများ သေသေခြာခြာ key ထုတ်ပြီးမှ ကိုးကားသင့်လှတယ်၊
ဇောင်ဂျမ်းပင်က ဘာ့ကြောင့်ထင်ရှားတာလည်း? ရှင်းပါတယ် အမြဲစိမ်းပြီးနေတဲ့ အပင်မို့ပါ၊ တောရွာတွေမှာ ဒီအပင်သာရှိရင် အရိပ်အာဝါသ ပေးနိုင်ပါတယ်၊ အပင်အောက်မှာ နားနေနိုင်ပါတယ်၊ အပူဒါဏ်ကို အံတုနိုင်သောအပင်တပင်ပါ၊
အပင်ကို ရိုက်နေတော့ ဒေသခံဦးကြီးက ဇောင်ချမ်းပင်ဖြစ်ကြောင်းရှင်းပြနေလို့လေးလေးစားစားနားထောင်ပေးရတယ်၊ အချို့ ဗဟုသုတတွေက ဒေသခံတွေဆီကဘဲ အများဆုံးရတာပါ၊
ဒီအပင်ကို အညာသူ အညာသားတိုင်းသိကြပေမဲ့ အောက်ပိုင်းကလူတွေ ၊ တောင်ပေါ်ကလူတွေ ၊ ပင်လယ်နားကလူတွေတော့ မြင်ဖူးမယ်တောင်မထင်၊ ဒီတခါလာလယ်ရင်တော့ .. ဇောင်ချမ်းချဉ်ကြော် ကြော်ကြွေးမယ်....
မနှစ်က post လေးပါ၊ အစားအသောက်ပုံပိုင်ရှင်တွေကို credit ပေးပါတယ်..
သက်နိုင်ဦး ၊ မုံရွာတက္ကသိုလ်
၁၁.၃.၂၀၁၇



Comments
Post a Comment