ีစွယ်တော် กาหลง
စွယ်တော် (Bauhinia acuminata) ပန်းပွင့်သော ချုံနွယ်များ၏ မျိုးစိတ်တစ်ခုဖြစ်ပြီး မုတ်သုံရာသီဥတု ရှိသော အရှေ့တောင်အာရှတွင်တွေ့ရသည်။ အခြားခေါ်ဝေါ်သုံးစွဲသော အမည်များမှာ Dwarf White Bauhinia၊ White Orchid-tree နှင့် Snowy Orchid-tree စသည်တို့ဖြစ်သည်။ နေရာအနှံ့အပြားတွင် ပေါက်ရောက်သဖြင့် စတင်ပေါက်ဖွားရာဒေသ အတိအကျမှာသိရန်ခက်ခဲသော်လည်း မလေးရှား၊ အင်ဒိုနီးရှား (ဂျာဗား၊ ဘော်နီယို၊ ကာလီမန်တန် နှင့် လက်ဆားဆူဒန်ကျွန်းများ) နှင့် ဖိလစ်ပိုင် တို့ဖြစ်နိုင်သည်။
စွယ်တော်သည် ၂မီတာ မှ ၃မီတာ (၆ ပေမှ ၁၀ပေ) အထိအောင် ရှင်သန်ကြီးထွားနိုင်သည်။ အခြား Bauhinia မျိုးစိတ်ဝင်အပင်များကဲ့သို့ပင် အရွက်မှာ နှစ်ခြမ်းရှိပြီး နွားသိုးခွာ ပုံသဏ္ဌန်ရှိသည်။ အရွက်များမှာ ၆ စင်တီမီတာမှ ၁၅ စင်တီမီတာ ထိ ရှည်လျား ကျယ်ဝန်းနိုင်ပြီး အကွဲကြောင်းမှာ ၅ စင်တီမီတာ အထိနက်နိုင်ကာ အညှာမှာ ၁.၅ စင်တီမီတာမှ ၄ စင်တီမီတာအထိရှည်လျားနိုင်သည်။ ပန်းပွင့်များမှာ အနံ့ရှိပြီး ၈စင်တီမီတာ မှ ၁၂ စင်တီမီတာ အထိအချင်းရှိကာ အဖြူရောင်ပွင့်ချပ် ၅ ခုအထိရှိသည်။
ရုက္ခဗေဒအမည် 'ဗော်ဟီးနီးယား အကျူမီနေတာ'ဟု ခေါ်သော စွယ်တော်ပင်သည် ချုံပင်မျိုးဖြစ်သည် ယင်းကို မဟာလှေကားဖြူဟူ၍လည်းခေါ်သည်။ အရွက်သည် ၃ လက်မ မှ ၆ လက်မ အထိရှည်သည်။ ပန်းပွင့်သည် ကြီး၍ ဖြူသည်။ မဟာလှေကားဖြူသည် မျိုးစေ့ကိုစိုက်ရ၍ အကြီးမြန်သည်။ ဒုတိယနှစ် သို့မဟုတ် တတိယနှစ်လောက်တွင် ပန်းပွင့်သည်။ ဥယျာဉ်များတွင် အလှအပ စိုက်ပျိုးတတ်ကြသည်။ ထိုအပင်မျိုး ကို မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလ္လာယုကျွန်းဆွယ်၊ တရုတ် နိုင်ငံတို့တွင် တွေ့ရသည်။ အင်္ဂလန်ပြည်သစ်တောများ၌လည်း ရှိသည်ဟုဆို၏။[၁]
.jpg)
Comments
Post a Comment