စက်ကတုံးပင် มะฝ่อ มะปอบ

 





စက်ကတုံးပင်သည် နွေဥတုတွင် အရွက်ကြွေသောအပင်ကြီးမျိုး ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ 'ထရု ဝီယာ နူဒီဖလိုရာ' (Trewia nudiflora)ဖြစ်သည်။ မျိုးရင်းမှာ 'ယူဖောဗီးယားစီအီး'(Euphorbiaceae) ဖြစ်သည်။ စက်ကတုံးပင်၏ အခေါက်သည် မွဲပြာရောင် ရှိသည်။ အရွက်များမှာ ကြက်ဥပုံသဏ္ဌာန်ရှိ၍ ချောမွှတ်သည်။ အကြောပေါင်း ၃ ခုမှ ၅ ခုထိ ရှိသည်။ ရွက်ညှာသည် ၁ လက်မမှ ၂ လက်မထိ ရှည်ပြီး မွေးနုတိုများ ရှိသည်။ ပန်းပွင့်များမှာ သေးငယ်သည်။ အရွက်ကြွေသည့် နေရာများ၌ အဖိုပွင့်များ ပွင့်သည်။ အမွေးထူပြီး တိုတုတ်သည့် ပွှင့်ညှာများတွင် အမပွင့်များ ပွင့်သည်။

ဝတ်ဆံမထိပ်သည် အလွန်ရှည်သည်။ အသီးမှာ ခွံမာသီးဖြစ်၍ သီးသီးအရွယ်ခန့် ရှိသည်။ အသီးသည် ချောမွှတ်၍ အသားများ သည်။ အစေ့လည်း များသည်။ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ချောင်းများအနီးတွင် စက်ကတုံးပင်များကို တွေ့ရသည်။ စက်ကတုံးသားသည် ဖြူ၍ပျော့သည်။ တာရှည်လည်း အသုံးမခံချေ။ ထမ်းပိုး၊ စည်၊ ရုပ်တု၊ မီးခြစ်ဆံ၊ မီးခြစ်ဗူးများ ပြုလုပ်ရန်အတွက် ကောင်းသည်။ မြန်မာဆေးကျမ်းအလိုအားဖြးင့် စက်ကတုံးသည် သွေးငန်း၊ လေငန်း၊ သလိပ်ငန်းတို့ကို ပယ်နိုင်သည်ဟု အဆိုရှိ၏။[]

Comments

Popular posts from this blog

ဒေါက်ခွ ผักโขม Spinach

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

sex doll မယ်တော်