အုံတုံပင် คือต้นอะไร?

 


မြန်မာအမည် - အုံတုံပင် (တဂူလျှော်)

Indian Laurel trees
Litsea glutinosa (Lour.) Robinson,
Litsea sebifera Pers.
Sebifera glutinosa Lour.
မျိုးရင်း: Lauraceae
(သစ်ဂျပိုးပင် မျိုးရင်း)
Common names : soft bollygum, bolly beech, Bollywood, bollygum, brown bollygum, brown Bollywood, sycamore and brown beech.
အုံတုံပင်လေးတွေဟာ ပေါက်ရောက်ပင် ဖြစ်ပေမဲ့လူသိနည်းတတ်ကြပါတယ်။ တစ်ချို့ကလည်း အုံတုံပင်ရဲ့ ဆေးအာနိသင်ကို သိပ်မသိကြပါဘူး။ ဒါကြောင့် မျှဝေပေစလိုက်ရပါတယ် ❤
အုံတုံပင်လေးများဟာ May လကနေ July လအထိ ပွင့်သီးကြတယ်၊ မွေးရပ်မြေ မတ္တရာက ကွမ်းခြံတွေထဲမှာ သက်ရင့် အုံတုံပင်ကြီးတွေ အများကြီး တွေ့နိုင်ပါသေးတယ်၊ ကလေးတက္ကသိုလ် ထဲမှာ အုံတုံပင်တွေ တောထအောင်ပေါက်ကြတယ်၊ ဒါ့ပြင် ပုံတောင်ပုံညာ အလောင်းတော်ကသဖ ၊ ရှမ်းပြည်၊ မန္တလေး၊ စစ်ကိုင်း၊ ပုပ္ပါးတောင်မကြီး နဲ့ နေရာဒေသ အများစုမှာ အုံတုံတွေ ကိုမြင်ရမှာပါ။
အုံတုံပန်းလေးတွေက စိမ်းဝါရောင်ဆိုတော့ ပန်းပွင့်နေတာကို အများစုက မသိကြဖူး၊ ပျား ပုတုံး တွေ ဝဲလို့ နေမှ ပန်းပွင့်မှန်းသတိထားဖြစ်ကြတယ်၊ မှတ်မှတ်ရရ သင်္ကြန်ပြီးရင်ဘဲ အုံတုံပန်းတွေ စပွင့်လေ့ရှိတယ်၊ ရေစပ်စပ်နေရာမျိုးကို အလွန်ကြိုက်တဲ့အပင်မို့ မြောင်းနဘေး ချောင်းနဘေးမှာ အများဆုံးပေါက်ကြတယ်၊ အမြဲစိန်းလန်း နေတတ်သော
နှစ်ရှည်ခံ အပင်ကြီးမျိုးဖြစ်ပြီး ကြီးမြန်အပင်မျိုးဖြစ်တယ်၊ အရွက်များက ရွက်ထီးဖြစ်ပြီး ပင်စည်မှခရုရစ် ပုံထွက်ကြတယ်၊ ပန်းခိုင်က ကြားထွက် Umbellate cyme ဖြစ်ပြီး ပန်းပွင့်ငယ်များစွာနဲ့ဖွဲ့စည်းထားတာပါ၊ ပန်းခိုင်တခုမှာ ပန်းပွင့်ငယ် ၉ ခုခန့်ပါသလို involucral bracts 4 ခုပါပါတယ်။ ပန်းပွင့်များမှာ အများစု လိင်မစုံကြပါ။ လိင်စုံပွင့်ရှားပါတယ်၊ ပွင့်ရွက် ၄ ခုပါပြီး ၀တ်ဆံဖိုများစွာပါတယ်၊ ၀တ်မှုံအိမ်ခန်းက 4 celled ဖြစ်ပြီး အက်ကွဲသောအခါ flaps အခင် လေးများဖြင့်အက်ကွဲကြတယ်၊ ဒီအချက်က Family Lauraceae ရဲ့ ထင်ရှားတဲ့ လက္ခဏာဖြစ်တယ်။ အစေ့အိမ်က အမြင့်အစေ့အိမ်ဖြစ်တယ်၊ အသီးက drupe အမျိုးအစားဖြစ်ပြီး အတွင်းမှာ အစေ့တစေ့သာတွေ့ရမှာပါ၊
“အရှင်နာဂသိန်ဆေးကျမ်းတွင်မူ အုံတုံ ၅ မျိုးရှိသည်ဟုဆိုထားပါတယ်၊ ထား၀ယ်ဖက်တွင် “တဂူ တဂူလျှော်”ဟူ၍၄င်း၊ နောက်တမျိုးကို “ကြေးစည် “ ဟူ၍ခေါ်ကြောင်းဖော်ပြထားပါတယ်။ အစေ့မှဖြူသော ဆီများထွက်၏။
- အမြစ်ခြောက်မှုန့် ၆ ပဲသားခန့်ကို ရေနှင့်ကြိတ်သောက်လျှင် ဆီးချိုနင့် ဝမ်းလျှောရောဂါပျောက်ကင်းစေသည်။
- အမြစ်ခြောက်မှုန့် ၆ ပဲသားကို သကြားခဲ၊နွားနို့တို့နဲ့ရော၍ တစ်လခန့်သောက်လျှင် ကာမသတ္တိကိုပွားစေသည်။
- အုံတုံခေါက်၊ ဆူးပန်းတောင်း၊ နွယ်ချို၊ စရို၊ ပဒဲကော ငါးမျိုးဆတူစု၍ အမှုန့်ပြုပြီးဝါဂွမ်းနဲ့ငုံလျှင် သွေးကြောင့်ဖြစ်သော ယားယံခြင်း၊ ရောင်ရမ်းခြင်း ပျောက်ကင်းစေသည်။
- ဆေးကျမ်းတွင်ဖော်ပြထားသည်မှာ အာယုဗေဒအလိုအားဖြင့် “ခါး၏ အေး၏ အနဲငယ်ချို၏ ကာမကိုအားပေး၏ မိန်းမများနို့များစွာထွက်စေ၏ သည်းခြေနာ ပူလောင်ခြင်း ချောင်းဆိုးခြင်း အားကုန်ခန်းခြင်း အဖျား နူနာ လေရောဂါများ ပယ်ဖြောက်နိုင်၏ ဝဖြိုးစေသည်။
-၄င်းအပြင် ရောင်ရမ်းခြင်း ဦးဏှောက်ပူခြင်း အဆစ်အဆက်နာကျင်ကိုက်ခဲခြင်း ရေငတ်ခြင်း လည်ခြောင်းအာစောက်ပူခြင်း ခြောက်ကပ်ခြင်း သရက်ရွက်ကြီးခြင်း နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲခြင်း တို့ကိုပယ်ဖြောက်နိုင်၏။
- “၄င်းအစေ့သည် ကာမကိုအားပေး၏ ဆိုထားပါတယ်၊ ၄င်းအပြင် ထိခိုက်သောဒဏ်ရာ အဆစ်လွဲသောဒဏ်ရာ ကို အခေါက်အစိုကိုကြိတ်၍ လိမ်းကြံပေးရ၏၊ အနာပျက် အနာစိမ်း တို့ယိုကြသော သွေးများကိုရပ်တန့်စေရန် ၄င်းဆေးနည်းကိုပင်သုံး၏။
- အဆိပ်ရှိသတ္တဝါများကိုက်ရာတွံင် အဆိပ်ပြေအောင်သုံးသည်။ အစေ့မှထွက်သောအဆီကို အဆစ်မြစ် ကိုက်ခဲနာကျင်ခြင်းပျောက်ရန် လိမ်းနယ်ရာတွင်သုံးသည်။
အခြားသောဗဟုသုတများရယူရင်း မေးခွန်းလေးတွေဖြေ ဖုန်း Bill လက်ဆောင်လေးတွေရအောင် Page ကို Like လုပ်ထားပါ ✔

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

sex doll မယ်တော်