မြတ်လေးနီး
ความหมายจากดิคอังกฤษ
- မြတ်လေး | myut-lay3 - (1) Spanish jasmine (ˈdʒæz.mɪn 🔊); Royal jasmine; Catalan jasmine (Jasminum grandiflorum.) (2) star ipomea (Ipomea coccinea), red jasmine.
- မြတ်လေးနီ | myut-lay3 ni2 - red jasmine; cypress vine; cypress vine morning glory; cardinal creeper; cardinal vine; cardinal climber; star glory; star of Bethlehem; hummingbird vine (Ipomea quamoclit.)
- အမျှင်တံပေါင်းဖွဲ့သောအရွက်မျိုးရှိ၍နှဲအော်လန်ကဲ့သို့သောအပွင့်ငယ်များအဖြူ ၊အနီပွင့်တတ်သည့်နွယ်ရုံပင်တစ်မျိုး ။
- ခြံစည်းရိုးမှာမြတ်လေးပန်းတွေပွင့်နေတယ်။
2. အလွန်မွှေးသောအဖြူရောင်အပွင့်ငယ်များပွင့်သောပန်းပင်တစ်မျိုး ။
- ရေသပြေရွှန်းရွှန်း ၊လင်းလွန်းမွှေးမွှေး ၊မြတ်လေးသွယ်သွယ်။
- มะลิสเปน คำที่เหมือนกันคือ မုလေး (คำนี้พบบ่อยใน search)
မန္တလေး ကအပြန် ညောင်ပင်ဝန်းရွာလေးမရောက်မီ ကားလမ်း နဘေး ခြုံကြီးတွေကို နွယ်တက်နေသော အပင်လေးတွေ အများကြီးတွေ့ရတယ်၊ ပန်းအရောင် နီစွေးစွေးမို့ အဝေးကပင်မြင်နိုင်တယ်၊ အလှစိုက်သော ပန်းပင်မဟုတ် သဘာဝအတိုင်းပွင့်နေသော အပင်လေးတွေ၊ အရိုင်းပင်လေးတွေဖြစ်တယ်၊ ကားကိုခဏရပ်၊ ပါလာသော Fuji camera အစုတ်လေးနဲ့ ပုံပေါင်းများစွာ ရိုက်မိတယ်၊
ဒီအပင်လေးတွေကို မြတ်လေးနီ လို့ခေါ်ကြတယ်၊ November --December လထဲမှာစပြီးပွင့်ကြတယ်၊ ပွင့်ရင်တပင်လုံး ရဲတွက်နီရဲနေအောင်ပွင့်ကြတယ်၊ သွားခဲ့ဖူးသည့် ဂန့်ဂေါ ပုံတောင်ပုံညာ တောင်တက်လမ်းတခုလုံး ဒီအပင်တွေပြည့်နေတယ်၊ အညာက ကျေးရွာတွေ မှာဆို ခြံစည်းရိုးပေါ် နွယ်တက်ပြီးပွင့်တယ်၊ ဒီအပင်ကို ပန်းပွင့်ချိန်ရောက်မှ သတိထားဖြစ်ကြတယ်၊ မြတ်လေး ဆိုတဲ့အမည်ကြောင့် စပယ်မျိုးရင်း Oleaceae နဲ့မှားနိုင်တယ်၊ သူက ကန်ဇွန်းမျိုးရင်း Convolvulaceae ထဲကဖြစ်တယ်၊ ရဲရဲနီသောအရောင် ကန်ဇွန်းပွင့် အနွယ်ကရှားလွန်းတာမို့ အပင် key ထုတ်ရတာလွယ်ပါတယ်၊ အခုအပင်လေးကို တွင်းမက အပြန် ရွာလမ်းဘေးကခြံစည်ရိုးပေါ်ကနေ ကောက်ယူခဲ့တာပါ၊ ရဲရဲနီသော ပန်းအရောင်ကြောင့် အဝေးကနေ သတိထားဖြစ်မိခဲ့တယ်၊
Description
Red morning glories
ေခါ်သည့် မြတ်လေးနီသည် လျှင်မြန်စွာ ကြီးလွယ်သော ရစ်ပတ်နွယ်တက်တတ်သည့် vineအပင်သာဖြစ်သည်၊ အရွက်တွေက နှလုံးပုံ အခြေပိုင်း heart shaped base ရှိသည် ၊ အရွက်သည် အဝိုက် ၃ ခု three-lobed ရှိကြသည်၊ အပင်ကြီးတွေအပေါ် နွယ်တက်လေ့ရှိသည်၊ ပန်းပွင့်ချိန်မှာ အခိုင်လိုက်ပွင့်ကြသည်၊ ဒါဇင်ဝက်ခန့်သော ပန်းတွေကို ပန်းခိုင်တခုစီမှာ သယ်ဆောင်သည်၊ နီရဲသောပန်းသည် လိပ်ပြာများကို သွေးဆောင်နိုင်သည်၊
Ipomoea genus မျိုးစု အမည် ဆိုသည်မှာ ဂရိစကားစု“isp,” ကနေဆင်းသက်လာသည် ၊ အဓိပ္ပါယ် က worm (ကျောရိုး ၊ ခြေလက်များ ကင်းမဲ့၍ ရှည်လျားသွယ်ပြောင်းသည့် ကိုယ်လုံးရှိသော တွားသွားသတ္တဝါ) homoios ကတော့ တူညီခြင်း ဖြစ်လို့ ၊ မြွေ လိုရစ်ပတ်နွယ်တက်တတ်သည့် the worm like twining of plants အပင်လို့ အနီးစပ်ဆုံးပြန်ဆိုနိုင်သည်၊ “Coccinea”ဆိုသည့် species အမည်ကတော scarlet ကိုရည်ညွှန်းပါတယ် ၊ မြန်မာလို နီရဲသော။ နီနီရဲရဲ။ နီမြန်းသော (သို့မဟုတ်) ကြက်သွေးရောင် ဖြစ်ပြီး ပန်း၏ အရောင်ကို ညွှန်းဆိုပါတယ် ။
Morphology
Ipomoea coccinea ခေါ်သည့် မြတ်လေးနီပန်းလေးတွေအပြင်၊ နောက်ထပ် မြတ်လေးနီပန်းပင်တပင်ရှိနေပါသေးတယ်၊ သူက genus တူပြီး species ကွဲပါတယ်၊ သူ့အမည်က Ipomoea quamoclit ဖြစ်တယ်၊ ဒီ ၂ ပင်ရဲ့ အပွင့်အရောင် ပုံစံက အတူတူပင်ဖြစ်လို့ မကြာခဏ ရောထွေးမှားကြတယ်၊ ဒါပေမည့် အရွက်ပုံစံ လုံးဝကွဲပြားပါတယ်၊ Ipomoea quamoclit အပင်မှာ ရွက်နားအလွန်ဟိုက်နေပြီး ရုတ်တရက် compound leaf အလားထင်ရတယ်၊ အရွက်ပုံစံအလွန်လှကြတယ်၊ အပင်ရဲ့ အရွက်တွေက ထင်းရှူးအရွက်လိုလို ရှည့်မတက်ပင်၏ အရွက်လိုလို ဖြစ်နေတတ်ပါတယ်၊ ဒီ ၂ ပင်ရဲ့ ပွင့်ချိန်လည်း အတူတူပင်ဖြစ်တယ်၊ ယခုမြတ်လေးနီကတော့ ရွက်နားဟိုက်ခြင်းနဲပီးရွက်နားက သွားပုံ သို့မဟုတ် lobes ဖြစ်နေပါတယ် ၊
Usage
အပင်က တနှစ်ခံပင် an annual plant သာဖြစ်တယ်၊ ခြံစည်းရိုးပေါ် တင်ထားပြီး အလှအပအဖြစ်စိုက်ကြတယ် ၊ နွေရာသီရောက်သည်အထိ ဖူးပွင့်ကြပြီး လိပ်ပြာလေးတွေ ဆွဲဆောင်နိုင်တာမို့ ဒီအပင်ရှိရင် လိပ်ပြာရောင်စုံမြင်နိုင်မှာပါ၊
Medicinal uses ဆေးဝင်ပုံ
ဒီပန်းက ပုံမှန်ဆို
November and January အထိဖူးပွင့်ကြတယ် ၊ အသီးကို January and February လမှာ သီးကြတယ်၊ အလှစိုက်ပင် သဘာဝပေါက်ပင်အဖြစ် တွေ့ရသော်လည်း ဒီအပင်မှာ medicinal property တွေရှိနေပါတယ် ၊ အပင်ရဲ့ အမြစ်က sneezing နှာချေခြင်း ကို လှုံ့ဆော်ပေးနိုင်တယ်၊
မြတ်လေးနီပန်းလေးတွေရဲ့ ပွင့်ချိန်က နေရာဒေသလိုက်ပြီး မတူပါဘူး၊ ကန်ဇွန်းပန်းတွေက ဆောင်းရာသီမှာဘဲပွင့်တာမို့ Convolvulaceae Family ကို thesis လုပ်မယ်လို့ ရွေးချယ်ထားရင် ဒီအချိန်က specimen collection လုပ်ဖို့ အကောင်းဆုံးပါ ၊ နွေဦးပေါက်လာရင် အပွင့်တွေ မရှိတော့ပါဘူး၊ မြတ်လေးနီဟာ ပွင့်ရက် တိုတောင်းလှသော ပန်းလေးတွေဖြစ်ကြတယ်၊ ကျနော်ကတော့ တွေ့ရခဲ လှသော မြတ်လေးနီပန်းလေးတွေ အလှကို ခံစားရင်း ဒီပန်းလေးအကြောင်းကို ထပ်မံ မှျဝေ မိပါတယ် ၊ ကဲ...မိတ်ဆွေတို့ရော မြတ်လေးနီပန်းလေးတွေကို သိပါရဲ့လား....အရမ်းလှသောပန်းလေးတွေပါ...
သက်နိုင်ဦး
မုံရွာတက္ကသိုလ်
၃.၁၂.၂၀၁၈
Old post လေးပါ
ပုံအားလုံးကိုသုံးနိုင်ပါတယ်....
Ref: Wikipedia website
Ashin narga thein
Flora of Ceylon






Comments
Post a Comment