ထင်းရှူး สน (น้ำมันสน)

 


ထင်းရှူး (အင်္ဂလိပ်Pine) မျိုးရင်း၏ ရုက္ခဗေဒ အမည်မှာ ပိုင်နေစီအီး Pinaceae ဖြစ်ပြီး မျိုးစိပ်ပေါင်း ၁၁၅ မျိုးရှိသည်။ ထင်းရှုးမျိုးရင်းဝင်အပင်တို့သည် ကတော့ပုံ အသီးသီးသော အမြဲစိမ်း အပင်များဖြစ်ကြသည်။ ထိုမျိုးရင်းတွင်ပိုင်း၊ လာ့ချ၊ စပရု၊ ဆီဒါ၊ ဖား၊ ယူး၊ ကွန်နီဖားပင်တို့ပါဝင်ကြ သည်။ ပိုင်းထင်းရှုး၌ မျိုးစိတ်အလွန်များသည်။ မျိုးစိတ်ပေါင်း ၇ဝ ခန့်ကို အမျိုးအစားနား ခွဲခြားပြီးဖြစ်သည်။ ပိုင်းထင်းရှူးသည် ကမ္ဘာမြောက်ဘက်လုံးခြမ်း တစ်ခုလုံးလိုလို၌ အနှံ့အပြားပေါက် ရောက်သည်။ အာရှတိုက်၊ ဥရောပတိုက်နှင့် အမေရိကတိုက်တို့ တွင်လည်း ပိုင်းထင်းရှူးပင် အများအပြား ပေါက်ရောက်သည်။ ပိုင်းထင်းရှူးပင်တို့သည် ပေအနည်းငယ်သာမြင့်သော အပင်များ မှာ ပေ ၂၃ဝ သို့မဟုတ် ထိုမျှမကမြင့်သော အပင်များထိရှိ သည်။ ပိုင်းထင်းရှူး၏ပင်စည်မှာ ဖြောင့်သည်။ အခြားအပင် များနှင့် အနည်းအကျဉ်းရောနှော၍ ထင်းရှူးတောကြီး ဖြစ်သည်အထိ မြောက်မြားစွာ ပေါက်နိုင်သည်။ ပိုင်းထင်းရှူး၌ အပ်ပုံသဏ္ဌာန် အမြဲစိမ်းအရွက်များ ရှိသည်။ အသီးသည် ကတော့ပုံဖြစ်သည်။ အသီးများသည် သီးပြီးသည်မှ ၂ နှစ် သို့ မဟုတ် ၃ နှစ်ကြာမှ မှည့်ကြသည်။ အသီးအရှည်မှာ ၁ လက်မမှ ၁၈ လက်မထိရှိသည်။ အရွက်များသည် တစ်လက်မ သာသာမှ တစ်ပေကျော်ထိ ရှိနိုင်သည်။ မျိုးစိတ်ကိုလိုက်၍ အရွက် ၂ ရွက်မှ ၅ ရွက်အထိ စု၍ထွက်ကြသည်။ အရွက်၏ အရင်းပိုင်းတွင် ဖွဲကြမ်းကဲ့သို့သော အခွံပါးဖြင့် ဖုံးအုပ်လျက် ရှိသည်။ အသီးများသည် တွဲလျားကျ၍ သီးပြီးလျှင်၊ အသားများသော အကြေးခွံများသည် ထိပ်ပိုင်းတွင် ကတော့ပုံကဲ့သို့ ချွန်၍နေသည်။

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

sex doll မယ်တော်