ထပ်တရာပန်း ดาวเรืองหม้อ
ထပ်တရာပန်းပင်၏ ရုက္ခဗေဒအမည်မှာ 'ကလင်ဒျူလာ အော့ဖီဆီနဲလစ်'ဖြစ်သည်။ ထိုအပင်သည် တစ်နှစ်ခံပင်ပျော့ မျိုးဖြစ်၍၊ 'ကွန်ပေါ်ဇီတီ'မျိုးစဉ်တွင် ပါဝင်သည်။ ဥရောပ တိုက်တောင်ပိုင်းတွင် မူလပေါက်ရောက်သည်။ ထိုအပင်သည် ချုံပင်ဆန်သည့် အပင်မျိုးဖြစ်သည်။ အမြင့် ၁၂ လက်မခန့်ရှိ သည်။ အရွက်ရှည်မျောမျောရှိသည်။ အပွင့်များမှာ ကြီး၍ လိမ်မော်ရောင်ဖြစ်၏။ နွေကူးဥတုမှ ဆောင်းကူးဥတုတိုင် အောင် အပွင့်မြောက်မြားစွာပွင့်သည်။ ပွင့်ဖတ်များသည် နေဝင်သည်နှင့် တပြိုင်နက် ငုံသွားကြသည်။ ထပ်တရာပင်ကို ရှရကာရည်ပြုလုပ်ရာ၌လည်းကောင်း၊ ဟင်းခတ်အမွှေးအကြိုင် ပြုလုပ် ရာ၌လည်းကောင်း အသုံးပြုကြသည်။

Comments
Post a Comment