ဓနိ จาก

 Nipa palms (Nypa fruticans


https://my.wikipedia.org/wiki/%E1%80%93%E1%80%94%E1%80%AD

ဓနိသည် ပင်လယ်ဒီရေ ရောက်ရှိသော နေရာများတွင် ပေါက်ရောက်ဖြစ်ထွန်းသည်။ မြစ်ကမ်းနားစပ်၊ ချောင်းကမ်းနားစပ် စသည်တို့တွင် ဓနိများ ပေါက်ရောက်လျက် ရှိသည်ကို တွေ့မြင်နိုင်သည်။ ဓနိပျစ်ကို အိမ်အမိုးအတွက် အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးမြစ်ကမ်းဘေးနှင့် ဧရာဝတီဒေသတို့တွင် ဓနိများ ထွက်ရှိသည်။

အရွက်နှင့် အရိုးသည် အစိမ်းရောင်ရှိသည်။ ဓနိရွက်များမှာ အုန်းလက်ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။ သို့သော် ဓနိလက်သည် အုန်းလက်ထက် ပို၍ အပြားကြီးသည်။ ကျေးလက်ဒေသများတွင် ဓနိ၏ အရိုးအခြောက်များနှင့် ( အရပ်အခေါ် - ဓနိဘောင်) အခြောက်များကို ထင်းမီးအတွက် အသုံးပြုကြသည်။ ထို့ပြင် ဓနိရိုးကို ခြံစည်းရိုး အကာအရံ အဖြစ်လည်းကောင်း၊ အိမ်နံရံအကာအဖြစ်လည်းကောင်း အသုံးပြုကြသည်။

ဓနိရွက်အနုများ၏ သင်းပျံ့သော ရနံ့ကြောင့် ကောက်ညှင်းထုပ် ပြုလုပ်ရာတွင် ဖတ်အဖြစ်လည်း အသုံးပြုကြသည်။ ထိုအခါ ကောက်ညှင်းထုပ်သည် ဓနိ၏ သင်းပျံ့သောရနံ့တို့ဖြင့် စားချင်စဖွယ် ဖြစ်လာသည်။ ရခိုင်ဘာသာစကားဖြင့် ရီအုန်းပင်ဟု ခေါ်သည်။ [

ဓနိ น.ต้นจาก ~ပျစ် ตับจาก(ใช้มุงหลังคา) ~ထိုး เย็บใบจากมุงหลังคา ~မိုး หลังคามุงจาก

ဓနုန်း น.ปาล์มมีหนาม



Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

sex doll မယ်တော်