ဇလပ် พุดจีบ

 ဇလပ် พุดจีบ 

ဇလပ် พุดจีบ (ไม้ในตระกูล Ervatamia coronaria)


  • kind of flowering shrub resembling the periwinkle. (Cerbera fruiti cosa).

ဇလပ်ပန်းဖြူဖြူလေးများ








မြန်မာနိုင်ငံမှာ ဇလပ်ပန်းလို့ ခေါ်တဲ့ အနံ့မွှေးတဲ့အဖြူရောင်ပန်းပွင့်ဖြစ်တဲ့ Tabernaemontana divaricata Variegata ရဲ့ ပန်းအမည်ကတော့ Crepe Jasmine ၊ Double Crepe Jasmine ၊ Indian Carnation Flower ၊ Double White Gardenia ၊ Creme & Green Double Butterfly Jasmine စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ Apocynaceae (dogbane family) မျိုးဖြစ်ပါတယ်။

ဇလပ်ပန်းပင်ရဲ့ အကိုင်း အခက်များဟာ မြေပြင်နဲ့ အပြိုင်လို ဖြာထွက်နေခြင်းကြောင့် ချုံပုတ်သဏ္ဌာန်ဖြစ်နေပြီး အမြင့် ၆ ပေအထိ မြင့်ပါတယ်။ အရွက်များက အစိမ်းရောင်ဖြစ်ပြီး ၆ လက်မနဲ့ ၆ လက်မထက် ပိုလို့ ရှည်လျားတတ်ပါတယ်။ အရွက်ရဲ့ အကျယ်ကတော့ ၂ လက်မခန့်ရှိပါတယ်။ ဇလပ်ပန်းပွင့်များက အဖြူရောင် ရှိပြီး ဆောင်းရာသီမှာ အများဆုံးပွင့်ပေမယ့်လည်း တစ်နှစ်ပတ်လုံး အနည်းငယ်စီ ပွင့်နေတဲ့ ပန်းများ ဖြစ်ကြပါတယ်။ ပွင့်ဖတ်များ ၅ ခုရှိပြီး နှစ်ထပ်ဖြစ်နေပါတယ်။ ဇလပ်ပန်းပင်ရဲ့ မူလဇာတိနေရာကတော့ အိန္ဒိယနိုင်ငံ ရဲ့ ပူနွေးတဲ့ ဒေသများဖြစ်ပြီး ကမ္ဘာပေါ်ရှိ နှင်းမကျသော တိုင်းပြည်များတွင်လည်း ပျံ့နှံ့စွာ စိုက်ပျိုးထားကြပါတယ်။

ဇလပ်ပန်းပင်က နေရောင်ကောင်းစွာ ရရှိတာကို နှစ်သက်ပါတယ်။ ခြောက်သွေ့သော ရာသီများတွင် ရေမှန်မှန် လောင်းပေးရန် လိုအပ်ပြီး ရေစီးရေလာကောင်းမွန်သော မြေဆီလွှာကို နှစ်သက်ပါတယ်။ အစေ့မှသော်လည်းကောင်း ၊ ကိုင်းဖြတ်ကူးခြင်းဖြင့်သော်လည်းကောင်း မျိုးပွားယူနိုင်ပါတယ်။

ဇလပ်ပန်းပင်ကို မိမိနေအိမ်ခြံဝင်းအတွင်းမှာ စိုက်ပျိုးထားရှိလျှင် မွှေးပျံ့သော သင်းရနံ့ကို ခံစားနိုင်ပြီး ဖြူဖွေးလှပသော ဇလပ်ပန်းပွင့်များ ကြောင့် စိတ်နှလုံးကြည်နူးစေနိုင်ပါတယ်။

နေအိမ်ဘုရားစင်ပေါ်တွင် ဗုဒ္ဓ ရုပ်ပွားတော် ခြေရင်းမှာ ပန်းမွေ့ရာ ပြုလုပ်ကာကုသိုလ်ယူ ကြည်နူးစေနိုင်ပါတယ်။

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

sex doll မယ်တော်

Hydrangea ခြောက်လပန်း