ထားဝယ်မှိုင် เล็บมือนาง
ပုံသဏ္ဌာန် : အခက်အလက်များပြားသောနွယ်ပင်မျိုးဖြစ်သည်။ အရွက်မှာ အရင်း၌ အဝိုက်သေးငယ်ပြီး ထိပ်ချွန်သည်။ ပွင့်စတွင်ဖြူပြီး တဖြည်းဖြည်း ပန်းရင့်ရောင် ပြောင်းသွားသည်။ ပွင့်ချပ်ပြွန်ရှည်သည်။ အပွင့်မှာရနံ့သင်းသည်။ အသီးမှာသေးငယ်ပြီး အစေ့မှာ တစ်စေ့ သာရှိသည်။ အစေ့မှာ အနက်ရောင်ဖြစ်သည်။ အပင် နွယ်ပင် ကြီးမျိုး ဖြစ်သည်။ ပင်စည် အခေါက် အပွေး အနည်းငယ် ရှိ၍ ညိုဝါ ရောင် ရှိ၏ ။ အခက် အလက် များစွာ ဖြာ၏ ။ အရွက် ရွက်ဆိုင် နီးပါး ထွက်သည် ။ ရွက်ထိပ် ချွန့်သည် ။ ရွက်ရင်း အဝိုက် သေး ငယ်သည် ။ ရွက်ညှာ ရင်း မာသည်။ ရွက်နား ညီ၍ လှိုင်း တွန့် အနည်း ငယ်ရှိသည်။ အပွင့် အရောင် ပြောက်ကျား ရှိ၏ ။ ပွင့်စ ၌ အဖြူ ရောင် ရှိသော် လည်း တဖြည်း ဖြည်း နီရဲသော အရောင် သို့ ပြောင်းသွား ၏ ။ ပွင့်ညှာ တံရှည် သည်။ အနံ့ သင်း၏ ။ တပေါင်း လမှ ဝါဆို လ အထိ ပွင့်သည်။ အသီး သေးငယ်သည် ။ ထောင့် ၅ ခု ပါသည် ။ အစေ့ တစ်စေ့တည်းပါ၍ အနက်ရောင် ရှိသည် ။ နယုန်လ ၊ဝါဆိုလ တွင်သီး သည် ။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ ပူအိုက် စွတ်စို သော ဒေသတွင် ပေါက်ရောက် သည်။ ပေါက်ရောက်ပုံ မြန်မာနိုင်ငံ အနှံ့ အပြား ၌ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဥယျာဉ် များ ၊ ပန်းခြံများ ၌ လည်း အလှ စိုက်ပျိုး ကြ၏ ။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များ အလိုအရ ထားဝယ်မှိုင်း သည် ခါးသက်သော အရသာ ရှိ ၏ ။ ဝမ်းကိုက် ရောဂါ ကို နိုင်၏ ။ အသုံးပြုပုံ- အစေ့ ၁ ။ ၎င်းအစေ့ ၂-၃ စေ့ကို ကြိတ်၍ ပျားရည်နှင့် ရောပြီး စားသုံးပါက သန်ကောင်များ သေကြေ ကျဆင်း လာမည်။ ၂ ။ အလွန် ပြင်းထန်စွာ ဖျားနာ လျက် ဝမ်းသွားသော အခါ အစေ့ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေ၏ ။ အရွက် ၁ ။ ဝမ်းကိုက်သောအခါ (ချွဲသက်သက် ဖြစ်စေ ၊ သွေးစ သွေးန များဖြင့် ရောပြွမ်း ၍ ဖြစ်စေ) ၎င်း အရွက်ကို ရေနွေး ဖြော၍ သုပ်စားပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း၏ ။ ၂ ။ လေထိုး ခြင်း ၊အစာ မကြေခြင်း အတွက် ၎င်း အရွက် ကို ပြုတ်သောက် က ပျောက်ကင်း ၏ ။ [၁]
ထားဝယ်မှိုင်းပင်ကို ဆေးဘက်ဝင်အပင်အဖြစ်သိထားကြသည်။ ရနံ့သင်းပျံ့စွာမွှေးသော ထားဝယ်မှိုင်းပန်းများသည် အခြားပန်းများနှင့်မတူဘဲ တမူထူးခြားပါသည်။ ပန်းပွင့်သည် ပွင့်စတွင် အဖြူရောင်ဖြစ်ပြီး တစ်နေ့တည်းမှာပင် ပန်းရောင် သို့ပြောင်းလဲကာ နေ့မွန်းလွဲချိန်နှင့် ညနေခင်းမှာတော့ အနီရောင်အဖြစ်ပြောင်းလဲသွားသည်။
Comments
Post a Comment