လေးညှင်း กานพลู

 Clove

အမြဲစိမ်းလန်း၍ အမြင့်ပေ ၃ဝ မှ ၄ဝ အထိ ရှိသော လှပသည့် လေးညှင်းပင်သည် မာတေးစီအီးမျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ယူဂျီးနီးယား ကယ်ရီယိုဖီလေးတားဖြစ်သည်။ လေးညှင်းပင်၏မူလပေါက်ရာဒေသမှာ အရှေ့အိန္ဒိယ ကျွန်းစုများတွင် အပါ အဝင်ဖြစ်သော မိုလက်ကာကျွန်းများဖြစ်၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ တို့သို့ တစ်ဆင့်ယူဆောင် စိုက်ပျိုးခဲ့ခြင်းဖြစ်လေသည်။ ဒတ်ချလူမျိုးတို့ သည် အရှေ့အိန္ဒိယကျွန်းစုများကို ပေါ်တူဂီလူမျိုးများ လက်ထဲမှ တိုက်ခိုက် သိမ်းယူလိုက်သောအခါ လေးညှင်း အစရှိသည့် အမွှေးအကြိုင်ပင်များကို အမ်ဗွိုင်နားကျွန်းတွင် အားသွန်စိုက်ပျိုးကြသည်။ ပြင်သစ်လူမျိုးတို့သည် လေးညှင်းပင်ကို အာဖရိကတိုက် အရှေ့ဘက်ရှိ ဇန်ဇီဗာကျွန်းနှင့် အနောက် အိန္ဒိယ ကျွန်းစုများတွင် တစ်ဆင့်ယူဆောင်စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ တွင်ကား အပူပိုင်းတိုင်းပြည်အားလုံးလောက်တွင် စိုက်ပျိုးလျက်ရှိကြသည်။ လေးညှင်းပင်များသည် ဆင်ခြေလျှော ဖြစ်နေသည့် မြေနေရာရှိ သဲမြေ နုံးမြေများကို ကြိုက်နှစ်သက်၍ ပေပေါင်း ၂ဝဝဝ အမြင့်တိုင် အောင် ဖြစ်ထွန်းကြသည်။ ထိုအပင်မျိုးကို အစေ့မှ မျိုးပွားယူရာ ပျိုးသည့် အခါ ရက်သတ္တ ငါးပတ်မှ ခြောက်ပတ်အတွင်း အညှောက်ထွက်လေသည်။ အတက်အလွန်နှေးကွေးသည့် ပျိုးပင်များကို ၁၂ လက်မ အရွယ်ရှိသောအခါ မြေတစ်ဧကတွင် အပင်ပေါင်း ၁ဝဝ နှုန်းဖြင့် တစ်ပင်နှင့်တစ်ပင် ပေ ၂ဝ ခန့်ခွာ၍ ပြောင်းယူစိုက်ပျိုးနိုင်သည်။ အပင်သက် ရှစ်နှစ် သို့မဟုတ် ကိုး နှစ်ခန့်ရှိလာသောအခါ ပထမဆုံးအကြိမ် လေးညှင်းပွင့်များကို ရရှိနိုင်ရာ အပင်သက် အနှစ် ၂ဝ ခန့်အထိ ဆက်လက်ရရှိလေသည်။ ထိုအခါ တစ်ပင် တစ်ပင်မှ လေးညှင်းပွင့်အခြောက် ရှစ်ပေါင်မှ ၁ဝ ပေါင်အထိ ရရှိနိုင် လေသည်။ ကမ္ဘာ့လေးညှင်းပွင့်အထွက် ၉ဝ ရာခိုင်နှုန်းလောက်သည် ဇန်ဇီ ဗာကျွန်းနှင့် ပင်ဗာနယ်မှရရှိရာ တစ်ဝက်လောက်ကို အိန္ဒိယနိုင်ငံသို့လည်း ကောင်း။ အချို့ကို သီဟိုဠ်ကျွန်းသို့လည်းကောင်း တင်ပို့ရသည်။ မြန်မာနိုင်ငံ၌ အတွေ့ရများသော လေးညှင်းပွင့်များသည် စင်စစ် လေးညှင်းအဖူးကလေးများကို မပွင့်မီခူး၍နေပူ၌ အခြောက်လှန်းထားခြင်းဖြစ် သည်။ အဖူးကလေးများသည် ထွက်စအချိန်တွင် ဖြူယော်ယော် အရောင်ရှိ၍ တဖြည်းဖြည်း အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ အနည်းငယ် ရင့်လာ သောအခါ အနီရောင်သို့ ပြောင်းလဲသွားပြန်သည်။ ထိုအခါ အဖူးများကို ခူး၍ နေတွင် အခြောက်လှန်းရာ ခြောက်သွေ့သောအခါ အညိုရင့်ရောင်ဖြစ် လာလေသည်။ လေးညှင်းပွင့်သည် အလျားလက်မဝက်ခန့်ရှိ၍ တစ်ဖက်ဖျား တွင် အဖုကလေးရှိရာ ထိုအဖုကလေးမှာ စင်စစ်အားဖြင့် မပွင့်ရသေးသော ပွင့်ဖတ်ငယ်များသာဖြစ်သည်။ မပွင့်ရသေးသဖြင့် ယင်းပွင့်ဖတ်ငယ်များမှာ တစ်ခုနှင့်တစ်ခုထပ်၍လုံးနေခြင်းဖြစ်သည်။ လေးညှင်းပွင့်သည် အမွှေး အကြိုင်များတွင် အဝင်အပါတစ်ခုဖြစ်သည်အားလျော်စွာ အလယ်ခေတ်၌ အမွှေးအကြိုင်ကုန် ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ရာတွင်အရေးပါ အရာ ရောက်သော ထုတ်ကုန်တစ်မျိုးဖြစ်ခဲ့သည်။ လေးညှင်းဆီကို လေးညှင်းအဖူး များ၊ အရွက်များနှင့် အကိုင်းအခက်များကို ရေဖြင့်အထပ်ထပ် ပေါင်းတင် ခြင်းဖြင့်ရရှိသည်။ လေးညှင်းဆီမှာ အစပထမတွင် အဝါရောင်ဖျော့ဖျော့၊ သို့မဟုတ် အရောင်မရှိသလောက်ဖြစ်၏။ ထို့နောက်မှ တဖြည်းဖြည်း အညို ရောင်သို့ ပြောင်းလဲသွားသည်။ အနံ့ အရသာမှာ လေးညှင်းပွင့်များကဲ့သို့ပင် သင်း၍ ပူစပ်စပ်ဖြစ်သည်။ ယင်းအဆီကို သွားကိုက် သွားနာ ဖြစ်သည့် အခါ အသုံးပြုကြသည်။ အခြားဆေးဘက်အဖြစ်ဖြင့်လည်း အသုံးပြုကြ သည်။[]

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย

sex doll မယ်တော်