ဟင်းဂလာ ผักเสี้ยนผี
ဟင်းဂလာပင်အစွမ်း ဟင်းဂလာသည် ပင်ပျော့မျိုး ဖြစ်သည်။ အကြမ်းအားဖြင့် အယဉ်နှင့်အရိုင်းဟူ၍ ခွဲခြားနိုင်သည်။ အယဉ် မျိုးမှာ အထူးစိုက်ပျိုးယူရ၍ အရိုင်းမျိုးမှာ အလေ့ကျပေါက် သောအပင်မျိုး ဖြစ်သည်။ ရုက္ခဗေဒ အလိုအားဖြင့် ဟင်းဂလာ အမျိုးမျိုးရှိသည်။ ရုက္ခဗေဒအလိုအားဖြင့် ကွမ်ပိုဇီတီးမျိုးရင်းတွင် ပါဝင်ပြီး လျှင် စပီလန်သီး အက်မဲလားဟုခေါ်သော ဟင်းဂလာ အယဉ် မျိုးတစ်မျိုးရှိသည်။ ယင်းကို ဟင်းချက်ပြုတ်စားလေ့ရှိသည်။ ချဉ်ဖတ်ပြုလုပ်၍လည်း စားကြ သည်။ ဆေးဘက်လည်းဝင်၏။ ဂျီနန်ဒရော့ဆစ်ပင်တာဖိုင်လားနှင့်ကလီအိုမီးဗစ္စကိုးဆားဟုခေါ် သော ဟင်းဂလာမျိုးမှာ ကက်ပရီဒေးစီအီးမျိုးရင်းတွင် ပါဝင် လေသည်။ ပထမ ဟင်းဂလာမျိုးကို ချက်ပြုတ် စားကြသည်။ အရွက်များကို အရည်ည|စ်၍ နားကိုက်ပျောက်ဆေးအဖြစ်လည်း သုံးကြသည်။ ယင်းတို့မှ အစေ့များရရှိရာ ငါး အဆိပ်ခတ်ရာ၌ လည်းကောင်း၊ သန်ချဆေး အဖြစ်လည်းကောင်း အသုံးပြုကြ သည်။ ဒုတိယပင်မျိုးမှ မုန်ည|င်းစေ့ကဲ့သို့သော အစေ့များရရှိ သည်။ ထိုအစေ့များကို ဟင်းချက်ပြုရာ၌ အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။ အရွက်နှင့် အစေ့များကို ဆေးဝါးများ၌ လည်း သုံးကြသည်။ ထိုပြင် ဂီစီကီယာ ဖာနာကွိုက်ဒီးခေါ် ဟင်းဂလာပင် မျိုးတစ်မျိုးလည်းရှိသေးရ...