မြန်မာအမည် - အုံတုံပင် (တဂူလျှော်) Indian Laurel trees Litsea glutinosa (Lour.) Robinson, Litsea sebifera Pers. Sebifera glutinosa Lour. မျိုးရင်း: Lauraceae (သစ်ဂျပိုးပင် မျိုးရင်း) Common names : soft bollygum, bolly beech, Bollywood, bollygum, brown bollygum, brown Bollywood, sycamore and brown beech. အုံတုံပင်လေးတွေဟာ ပေါက်ရောက်ပင် ဖြစ်ပေမဲ့လူသိနည်းတတ်ကြပါတယ်။ တစ်ချို့ကလည်း အုံတုံပင်ရဲ့ ဆေးအာနိသင်ကို သိပ်မသိကြပါဘူး။ ဒါကြောင့် မျှဝေပေစလိုက်ရပါတယ် အုံတုံပင်လေးများဟာ May လကနေ July လအထိ ပွင့်သီးကြတယ်၊ မွေးရပ်မြေ မတ္တရာက ကွမ်းခြံတွေထဲမှာ သက်ရင့် အုံတုံပင်ကြီးတွေ အများကြီး တွေ့နိုင်ပါသေးတယ်၊ ကလေးတက္ကသိုလ် ထဲမှာ အုံတုံပင်တွေ တောထအောင်ပေါက်ကြတယ်၊ ဒါ့ပြင် ပုံတောင်ပုံညာ အလောင်းတော်ကသဖ ၊ ရှမ်းပြည်၊ မန္တလေး၊ စစ်ကိုင်း၊ ပုပ္ပါးတောင်မကြီး နဲ့ နေရာဒေသ အများစုမှာ အုံတုံတွေ ကိုမြင်ရမှာပါ။ အုံတုံပန်းလေးတွေက စိမ်းဝါရောင်ဆိုတော့ ပန်းပွင့်နေတာကို အများစုက မသိကြဖူး၊ ပျား ပုတုံး တွေ ဝဲလို့ နေမှ ပန်းပွင့်မှန်းသတိထားဖြစ်ကြတယ်၊ မှတ်မှတ်ရရ သင်္ကြန်ပြီးရင်ဘဲ အုံတုံပန်းတွေ စပွင့်လေ့ရှိတယ်၊ ရေစပ်စပ်...