SGFM တွင် စိုက်ပျိုးထားသော Guaiacum officinale ( Lignum Vitae) ပန်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ Rougbark lignum vitae, Guaiacwwd , Pockholz သို့မဟုတ် Tree of life လို့လည်းခေါ်ကြပြီး Zygophyllaceae မိသားစု၀င် ဖြစ်ပါတယ်။ သူ့ရဲ ဇာတိကတော့ Caribbean နှင့် တောင်အမေရိက၏ မြောက်ဘက် ကမ်းရိုးတန်း တို့မှဖြစ်ကြပါတယ်။ Lignum Vitae (သို့ ) Guaiacum officinale ဟာဆိုရင် အမြဲစိမ်းအပင်ဖြစ်ပြီး အပင်ကြီးထွားမှုနှေးသော်လည်း အမြင့် ၃၃ ပေခန့် နှင့် ပင်စည်လုံးပတ် ၂ပေခန့်အထိရှိနိုင်ပါတယ်။ သူက မိုးခေါင်မှုဒါဏ်ကိုလည်း ခံနိုင်ပါတယ်။ အရွက်များကတော့ compound leaves များဖြစ်ကြပြီး ကျယ်ပြန့်သော ဘဲဥ ပုံသဏ္ဍာန်ရှိကာရွက်ဖျား ဝိုင်းသွားပါတယ်။ သူရဲ့ လှပတဲ့ ပန်းပွင်များမှာ ပွင့်ချပ် ၅ခု ပါရှိပြီး အပြာရောင်သန်းသော ခရမ်းရောင်ရှိကာ နွမ်းသွားသည့်အခါ အဖြူရောင်သို့ တဖြည်းဖြည်း ပြောင်း လဲသွားကြပါတယ်။ Lignum Vitae ပန်းဟာ Jamica နိုင်ငံ၏ National Flower ဖြစ်ပြီး Jamica တွင်လမ်းမများတလျှောက်စိုက်ပျိုးထားပါတယ်။ အပင်ရဲ့သစ်သားဟာ ကမ္ဘာပေါ်တွင် မာကြောပြီးသိပ်သည်းဆ အများဆုံးထဲတွင်ပါ၀င်ကာ ရေတွင်ချပါက ချက်ခြင်းနစ်မြုတ်ပါတယ်...